ရီးရဲလ်က ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတာပါ။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြတ်ပြတ်သားသားနဲ့ဦးဆောင်နေအောင် ကိုင်တွယ်ပေးထားပြီး ရလဒ်ကောင်းတွေရနေတဲ့ အချိန်မှာပဲ နည်းပြအန်ဆယ်လော့တီက ဘတ်ပီ၊ ဟာလန်းတို့နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ရီးရဲလ်က အဆိုပါကစားသမားနှစ်ဦးကို အလိုရှိနေတာဖြစ်ပြီး အနည်းဆုံးတဦးကိုတော့ ရအောင်ခေါ်ယူဖွယ်လည်းရှိနေပါတယ်။ 

ရော်နယ်ဒိုထွက်ခွာသွားခဲ့ပြီးနောက် ရီးရဲလ်ကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့နေရတာဖြစ်ပြီး ဝါရင့်တိုက်စစ်မှူးဘန်ဇီမာက​ တော်တော်လေးခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ သူ့နေရာအတွက် အစားထိုးရတော့မှာဖြစ်လို့ ရီးရဲလ်က  ဘတ်ပီ နဲ့ ဟာလန်းကို ပစ်မှတ်ထားနေခဲ့ပြီး အဆိုပါကစားသမားတွေကလည်း ဘာနေဗျူးကွင်းသစ်မှာ ကစားချင်နေလိမ့်မယ်လို့ အန်ဆယ်လော့တီက AS နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ 

လက်ရှိမှာလည်း အဆိုပါကစားသမားနှစ်ဦးစလုံးက သူတို့အသင်းတွေကနေ ထွက်ခွာဖို့နီးစပ်နေသူတွေဖြစ်ပါတယ်။ ဘတ်ပီက ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုထားရခြင်းမရှိသေးဘဲ ဇန်နဝါရီမှာ နှစ်သက်ရာအသင်းနဲ့ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ပြင်သစ်ကလပ်ကတော့ သူတို့ကစားသမားကို လက်မလွှတ်ရအောင် ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိတော့ တိုးတက်လာခြင်းမရှိသေးတာဖြစ်ပါတယ်။ 


ဟာလန်းကတော့ ဒေါ့မွန်ကနေ သေချာပေါက်ထွက်ခွာမှာဖြစ်ပြီး သူ့ကို အလိုရှိနေတဲ့ အသင်းတွေက အများအပြားဖြစ်နေပါတယ်။ ကစားသမားရဲ့အေးဂျင့် ရွိုင်အိုလာကလည်း သူ့ကစားသမားအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်နေတယ်လို့ ဖွင့်ဟခဲ့ပြီး ဒေါ့မွန်ကလည်း ဟာလန်းကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ ဝန်ခံထားပါတယ်။ 

Share

က္က