အားလုံးကြိုးစားမှရမယ်လို့ သတိပေးလိုက်တာပါ။

မန်စီးတီးသမိုင်းတလျှောက် ပထမဆုံးသောချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ပစ်မှတ်ထားနေမှုမှာ ဟာလန်းတဦးတည်းအပေါ် မှီခိုနေတယ်ဆိုရင် ရယူနိုင်မှာမဟုတ်ဘူးလို့ နည်းပြဂွာဒီယိုလာက သတိပေးပြောဆိုလိုက်ပါတယ်။ မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းဟာ ဒိရာသီပရီးမီးယားလိဂ်မှာ ၆ ပွဲသာကစားပေးထားချိန် ၁၀ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ 

ဂွာဒီယိုလာကတော့ သူ့ရဲ့ ကစားသမားအားလုံးသာ ကြိုးစားတယ်ဆိုရင် အောင်မြင်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ မန်စီးတီးက ပြည်တွင်းအောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပေမယ့် ဥရောပမှာတော့ ဗိုလ်လုပွဲအဆင့်နဲ့သာကျေနပ်ခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကိုသာ ရောက်ရှိခဲ့ကာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပါတယ်။ 

ဂွာဒီယိုလာက "ကစားသမားအားလုံးက အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြပါတယ်၊ အဲလိုမှမဟုတ်ရင်လည်း အဓိပ္ပာယ်မရှိဘူးလေ၊ ဒီအစုအဖွဲ့က ကျနော်တို့ဖလားတွေရယူနိင်အောင် ကူညီပေးဖို့ပါ၊ သူတို့တွေအကုန်လုံး ဟာလန်းပခုံးပေါ်ပဲ မှီခိုနေမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ဆွတ်ခူးနိုင်မှာမဟုတ်ပါဘူး၊ သူ့အတွက် သွင်းဂိုးတွေရအောင် ကျနော်တို့က ကူညီပေးရမှာပါ"

"သူ့ကို ဒီရောက်လာအောင် ကျနော်တို့ ဆွဲဆောင်ခဲ့ရတယ်၊ လူတိုင်းက သူ့အကြောင်းပဲ ပြောနေကြတာကိုနားလည်ပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ ကစားသမားသစ်က သုံးလေးငါးယောက်ရှိနေပြီး အားလုံးအထိုင်ကျဖို့က အရေးကြီးပါတယ်၊ ဟာလန်းအတွက်ပဲ အနိုင်ရအ​ောင်ကစားမှာမဟုတ်သလို သူ့အတွက်ပဲအ ရေးနိမ့်တာမျိုးလည်းမဟုတ်ပါဘူး"

"သူ့မှာ ထူးခြားတဲ့အရည်အသွေးတွေရှိပြီး ပြသနာတချို့ကို ဖြေရှင်းပေးနိုင်မှာပါ၊ ကျနော်တို့ကောင်းကောင်းမကစားရင်တော့ ပွဲတွေကိုအနိုင်ရမှာမဟုတ်ဘူး' လို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမဆုံးပွဲကို အဝေးကွင်းမှာ ဆီဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်မြေမှာ ပွဲဦးထွက်နိုင်ပွဲရမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က