ဟာလန်းရဲ့သွင်းဂိုးတွေနဲ့ မန်စီးတီးတို့ အနိုင်ရရှိခဲ့တာပါ။

ဝက်စ်ဟမ်းက ဒီပွဲမှာ ကစားသမားသစ်တွေ မပါသေးဘဲ ပြီးခဲ့တဲ့ရာသီက လူစာရင်းကိုပဲ အမာခံထားပြီး ပွဲထွက်ခဲ့ပါတယ်။ မန်စီးတီးကတော့ ဟာလန်း တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ဖိုဒန်၊ ဂရီလစ်ရှ်တို့နဲ့ တွဲပေးထားခဲ့ပါတယ်။ နောက်တန်းမှာ အကီက ဒီယက်စ်နဲ့ ပွဲထွက်လာခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ ဒီဘရိုင်း၊ ကန်ဆယ်လို၊ ဂွန်ဒိုဂန်တို့ ပါဝင်ခဲ့ပါတယ်။



ဒီပွဲမှာ မန်စီးတီးက ဝက်စ်ဟမ်းကို တော်တော်လေး အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းကတော့ အားရစရာဖြစ်ခဲ့ပြီး အသင်းနဲ့ အချိန်တိုအတွင်း အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်အဖွင့်ပွဲမှာပါ ဂိုးသွင်းရတာကို ထမင်းစား၊ ရေသောက်သလို ထပ်ပြီး လုပ်ပြသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ဟာလန်းက အမှားအယွင်းမရှိ ကန်သွင်းအဆုံးသတ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ အသာစီးယူထားပြီး ဝက်စ်ဟမ်းကို လှုပ်လို့မရအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် လျင်မြန်တဲ့ Transition ကတဆင့် ဒီဘရိုင်း လှလှပပ ခင်းပေးလိုက်တာကို ဟာလန်းက ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာ အေးအေးဆေးဆေးနဲ့ အပိုင်ကန်သွင်းပြီး ဒုတိယဂိုးထပ်မံရရှိခဲ့ပါတယ်။

ဒီပွဲကို ဟာလန်းရဲ့အဖေ အယ်လ်ဖီဟာလန်းလည်း လာရောက်ကြည့်ရှုနေခဲ့ပြီး သူ့သားရဲ့ဂိုးတွေအတွက် ဝမ်းပန်းတသာဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မန်စီးတီးက ပွဲကို သက်သောင့်သက်သာနဲ့ ထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲအပြီးမှာ ဝက်စ်ဟမ်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးကတော့ ပြီးခဲ့တဲ့ရာသီက လူစာရင်းကိုပဲ ဒီနှစ်မှာ ပိုမိုတောင့်တင်းအောင် ပြင်ဆင်လာခဲ့ပြီး ပြိုင်ဘက်တွေထက် ခေါင်းတလုံးသာတဲ့ ခြေစွမ်းအဆင့်အတန်းမျိုးကိုလည်း ဒီကနေ့ပွဲမှာ ပြသခဲ့ပါတယ်။ ဒီအတိုင်းဆိုရင်လည်း လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးတို့ ထိပ်ဆုံးကနေပဲ ဦးဆောင်နေဦးမှာပါ။ 

Share

Loading Next Article...
က္က