အင်္ဂလန်ဖွား ကစားသမားတစ်ဦီးဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးပေမယ့် ဆဲလ်ဘတ်အသင်းအတွက် ဒီနှစ် ချန်ပီယံလိဂ် ၃ ဂိုးအပါအဝင် လိဂ်သွင်းဂိုး လည်း ၁၁ ပွဲမှာ ၁၂ဂိုးထိသွင်းပေးထားနိုင်ပါတယ်။

ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာပြောပြချက်အရ တိုက်စစ်မှူး ဟာလန်းအတွက် ယူနိုက်တက်အသင်း ထံက ဘာကမ်းလှမ်းမှုမှ မရသေးဘူးလို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



ဟာလန်းကို ယူနိုက်တက်အသင်းအပြင် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ဂျူဗင်တပ်အသင်း တွေက်လည်း စိတ်ဝင်စားနေကြပါတယ်။

ဟာလန်းက ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး ဒီနှစ် ချန်ပီယံလိဂ်မှာလည်း ၃ ဂိုးထိ သွင်းယူပေးထားနိုင်ပါပြီ။

ဒါ့အပြင် လိဂ်မှာလည်း ၁၁ ပွဲကစားအပြီး ၁၂ ဂိုးသွင်းကာ ၆ဂိုးဖန်တီးပေးထားနိုင်တဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို အသက် ၁၉ နှစ်အရွယ်နဲ့ ပြသထားနိုင်တာပါ။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဟာလန်းကို ဂျူဗင်တပ်အသင်းက ပေါင် ၃၅သန်းနဲ့ကမ်းလှမ်းတယ်လို့ သိရပြီး ယူနိုက်တက်အသင်းကလည်း မြင့်မားတဲ့ ကြေးနဲ့ကမ်းလှမ်းဖို့ရှိနေတာပါ။



ဒါပေမယ့်ဆဲလ်ဘတ် အမှုဆောင်ချုပ် ခရစ္စတိုဖာရဲ့ပြောပြလာမှုအရ အနာဂတ်မှာ နောက်ထပ် ကမ်းလှမ်းမှုတွေ ကိုစောင့်မျှော်နေပြီး ဟာလန်းရဲ့တန်ကြေးကလည်း မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဟာလန်းကတော့ အင်္ဂလန်နိုင်ငံ လိဒ်မှာမွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး သူ့အိပ်မက်ကတော့ ပရီးမီးယးလိဂ်မှာ ဒေါင်ဒေါင်မြည်ကစားချင်တာလို့သိရပါတယ်။

“ အကောင်းဆုံးဖြစ်ချင်ပါတယ်၊ဘဝတစ်ခုလုံးမှာ အကောင်းဆုံးအသင်းနဲ့အတူ အကောင်းဆုံး ကစားချင်တာ အိပ်မက်ပါ။အထူးသဖြင့် အင်္ဂလန်မှာပေါ့။” လို့ဟာလန်းက ပြောသွားပါတယ်။

လက်ရှိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့လည်း အရင်တုန်းက မိုလ်ဒီအသင်းမှာ လက်တွဲခဲ့ဖူးပြီး ဆိုးလ်ရှားက သူ့ကို အင်မတန်လွှမ်းမိုးထားသူလို့လည်း ဆိုထားပါတယ်။

ဟာလန်းအနေနဲ့ စိန်ခေါ်မှုအသစ်တွေကိုလိုချင်ရင် ဥရောပထိပ်တန်းအသင်းတစ်သင်းကိုပြောင်းဖို့လိုအပ်ပြီး ယူနိုက်တက်၊ရီးရဲနဲ့ ဂျူဗင်တပ် တစ်သင်းသင်းမှာဘယ်အသင်းနဲ့အတူ ဥရောပ စစ်မျက်နှာြပင် ဖွင့်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က