မိုလ်ဒီမှာ အတူလက်တွဲခဲ့ဖူးသူတွေပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်းနားဆိုးလ်ရှားဟာ နော်ဝေလူငယ်ကြယ်ပွင့် အာလင်းဟာလန်းကို ခေါ်ယူဖို့ အသင်းကို ညွှန်ကြားခဲ့ပြီးနောက် ယူနိုုက်တက်ဟာ ရက်ဘူးဆဲလ်ဘတ်ကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ လက်ဦးမှုရယူဖို့ ကြိုးစားနေပြီလို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာလင်းဟာလန်းဟာ မိုလ်ဒီအသင်းအတွက် ကစားပေးခဲ့ချိန်တုန်းက နည်းပြဆိုးလ်ရှားလက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်ပြီး ယခုရာသီမှာတော့ အကောင်းဆုံးပုံစံနဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူထားသူဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မကြာသေးမီက ဟာလန်းကို စိတ်ဝင်စားနေလားလို့ မေးမြန်းခဲ့တဲ့အခါမှာ မဖြေချင်သလို လုပ်နေခဲ့ပေမယ့်လည်း ဆယ်ကျော်သက်ကြယ်ပွင့်အတွက် ယူနိုက်တက်ကို ခေါ်ယူဖို့ တွန်းအားပေးချင်နေတယ်လို့ Dagbaldet ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဟာလန်းရဲ့နာမည်ကို အဓိကပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားခဲ့ပြီးဖြစ်သလို အသင်းအနေနဲ့ ဘယ်လောက်အထိ ပေးချေဖို့ ပြင်ဆင်ထားသင့်တယ်ဆိုတာကိုလည်း အကြမ်းဖျင်းတွက်ချက်ထားတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကို လူအင်အားဖြည့်တင်းလိုနေပြီး ပြီးခဲ့တဲ့နွေရာသီမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အစားထိုးခေါ်ယူမှုမရှိဘဲနဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Share

က္က