မန်ချက်စတာစီးတီးအသင်းကလည်း ခေါ်ယူဖို့ ခပ်သွက်သွက် ကြိုးစားနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ဘူးဆဲလ်ဘတ်တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူမယ့်အစီအစဉ်ကို တွန်းအားပေးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့်ဇန်နဝါရီလမှာ ကမ်းလှမ်းမှု ပြုလုပ်သွားတော့မယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ ယခုရာသီမှာ ရက်ဘူးဆဲလ်ဘတ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၆ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ဥရောပမှာ အသင်းများစွာရဲ့အလိုအရှိဆုံး လူငယ်ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာစီးတီးအသင်းဟာ ဟာလန်းကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကို ဝင်ရောက််လာခဲ့ပြီလို့ Metro က ဖော်ပြခဲ့ပြီး အတ္တလန်တာအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုဖို့အတွက် အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဟာလန်းရဲ့ဖခင် အဲ့ဖ်အင့်ဟာလန်းကို ပြီးခဲ့တဲ့လက ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်အသင်းတို့ကလည်း ရက်ဘူးဆဲလ်ဘတ်အသင်းမှာ လျင်လျင်မြန်မြန် ခြေစွမ်းတိုးတက်လာတဲ့ နော်ဝေလက်ရွေးစင်ကြယ်ပွင့် ဟာလန်းရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ ၎င်းတို့ရဲ့ ပြိုင်ဘက်အသင်းတွေအားလုံးကို အလဲထိုးချင်နေပြီး လက်ရှိအချိန်မှာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

The Times ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာလန်းကို လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အစီအစဉ်ကို ရှေ့ကိုတိုးလိုက်ပြီး ဇန်နဝါရီလမှာ ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။

ရက်ဘူးဆဲလ်ဘတ် ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ လက်ရှိစျေးကွက်ပေါက်စျေးဟာ ပေါင်သန်း ၆၀ ဝန်းကျင်ရှိနေတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဟာလန်းနဲ့အတူ မိုလ်ဒီအသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်နေတာက အားသာချက်ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်က ယုံကြည်နေတာဖြစ်ပါတယ်။

Share

က္က