ဒေါ့မွန်ကို လေးနှစ်ခွဲစာချုပ်နဲ့ အပြီးသတ်ရောက်ရှိသွားခဲ့တာပါ။

ဟာလန်းကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းအစားဆုံးဖြစ်နေချိန်မှာ ဒေါ့မွန်က အံ့အားသင့်ဖွယ်ရာခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ဘွန်ဒက်လီဂါထိပ်သီးကလပ်ဒေါ့မွန်ကတော့ ဆဲလ်ဘတ်အသင်းလူငယ်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၊ လေးနှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဇန်နဝါရီ (၃)ရက်နေ့မှာ ဟာလန်းက ဒေါ့မွန်ကို တရားဝင်ပြောင်းရွှေ့ရောက်ရှိလာတော့မှာလည်းဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းအစားဆုံးဖြစ်နေချိန်မှာ ဒေါ့မွန်က အံ့အားသင့်ဖွယ်ရာခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အံ့အားသင့်မှုတွေရှိခဲ့ရပြီး ယူနိုက်တက်အသင်း ဘာလို့မခေါ်ယူနို်င်ခဲ့တာလဲဆိုတဲ့ အဖြေကို ပရိသတ်တွေက သိချင်နေခဲ့ကြပါတယ်။

The Independent ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ဖခင်၊ အေးဂျင့်ရွိုင်အိုလာတို့နဲ့ ညှိနှိုင်းခဲ့မှုမှာ အဆင်မပြေမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဟာလန်းကို အနာဂတ်မှာ ပြန်လည်ရောင်းချခဲ့ပါက ပြောင်းရွှေ့ကြေးအတွက် ရှယ်ယာခွဲဝေပေးဖို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်ဘက်က လက်မခံခဲ့တာလို့သိရပါတယ်။ 

ဒီအတွက်အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပြီး နောက်ထပ်အချက်တစ်ခုကတော့ ရွိုင်အိုလာက ကစားသမားရဲ့ အနာဂတ်ကို ထိန်းချုပ်ထားမယ့် အနေအထားမှာရှိနေတဲ့အပေါ်မှာလည်း ယူနိုက်တက်ဘက်က အလိုမကျဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် အဆိုပါအချက်ကို သဘောတူညီခဲ့တဲ့ ဒေါ့မွန်အသင်းက ခေါ်ယူသွားနိုင်ခဲ့တာလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က