ပြင်သစ်ဝန်ကြီးချုပ် ဂါရယ်လ် ဒါမာနင်က အယ်လ်အီတီဟတ်တိုက်စစ်မှူး ဘန်ဇီမာကို အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံတယ်ဆိုပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင်အရေးက ကမ္ဘာတစ်ဝန်း တော်တော်လေး ဟိုးလေးတစ်ကျော်ဖြစ်နေတာပါ။
ဟားမားစ်နဲ့ အစ္စရေးတို့အကြား ဖြစ်ပွားလျက်ရှိတဲ့ ပြဿနာမှာ ဘန်ဇီမာက ဟားမားစ်တို့ဘက်က ရပ်တည်နေတယ်လို့ ယူဆရတဲ့ အကြောင်းအရာတစ်ခုကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ ဘန်ဇီမာက “အမျိုးသမီးနဲ့ ကလေးငယ်တွေကိုတောင် မချန်တဲ့ ဒီလိုမျိုး မမျှမတ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဂါဇာက လူေတွအားလုံးအတွက် ဆုတောင်းပေးပါတယ်” လို့ ရေးသားခဲ့တာပါ။
ဒီအကြောင်းအရာအပေါ်မှာ ပြင်သစ်ဝန်ကြီးချုပ် ဒါမာနင်က “ကျွန်တော်တို့ အားလုံး သိတဲ့အတိုင်းပဲ ဘန်ဇီမာက မွတ်ဆလင်ညီအစ်ကိုတွေနဲ့ အဆက်အစပ်ရှိပါတယ်။ သူ ဒါမျိုးရေးလိုက်တာက ဟားမားစ်တွေရဲ့ ဝါဒဖြန့်ချိရေးအတွက် အေးဂျင့်လုပ်တာပါပဲ”
“ဘာကြောင့်လဲဆိုတော့ ဟားမားစ်တွေက အစ္စရေးကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးပစ်ဖို့ ဗျူဟာရှိနေသလို နိုင်ငံတကာအမြင်မှာလည်း အစ္စရေးကို ပုံဖျက်ဖို့ စီစဉ်ထားတာပါ” လို့ ဘန်ဇီမာကို တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။ ဘန်ဇီမာဟာ မွတ်ဆလင်တစ်ယောက်ပဲဖြစ်ပြီး သူ့ရဲ့ပို့စ်ကို ပြန်ဖျက်ဖို့အတွက်လည်း ဖိအားပေးခံနေရပါတယ်။
ဘန်ဇီမာနည်းတူ ပါလက်စတိုင်းပြည်သူတွေဘက်က အားပေးထောက်ခံခဲ့တဲ့ မိန့်ဇ်တောင်ပံကစားသမား အယ်လ်ဂါဇီကလည်း ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဆိုရှယ်မီဒီယာကပို့စ်ကြောင့်လည်း မိန့်ဇ်က အယ်လ်ဂါဇီကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။