ငွေကြေးကြောင့်လို့ ပြောဆိုနေတာတွေကို တုံ့ပြန်ခဲ့တာပါ။

လီဗာပူးလ်ကစားသမားဟောင်းကြီး ရော်ဘီဖောင်လာက ဆော်ဒီမှာ တပတ်လုပ်ခ ပေါင် ၇ သိန်းအထိရမယ့် ဟန်ဒါဆန်နဲ့ ပတ်သက်ပြီး ဝေဖန်နေမှုတွေကို တုံ့ပြန်လိုက်ပါတယ်။ ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အီတီဖတ်အသင်းကို​ ပြောင်းရွှေ့ဖို့ရာ နီးစပ်နေသူလည်း ဖြစ်ပါတယ်။

အဆိုပါအသင်းမှာ သူရရှိမယ့် လုပ်အားခအပေါ် ဝေဖန်မှုတွေရှိနေပြီး လီဗာပူးလ်ကစားသမားဟောင်းက ငွေကြေးကြေင့် ပြောင်းရွှေ့တာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဖောင်လာက ရော်နယ်ဒိုတုန်းကတော့ ဒီလိုမျိုးတွေ မရှိခဲ့ဘူးလို့ နှိုင်းယှဉ်ကာ အင်္ဂလန်သားတွေဘက်က ကာကွယ်ခဲ့ပါတယ်။

"ဟန်ဒါဆန်ရဲ့ လစာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေရှိလာတာာကို အားလုံးသိမှာပါ၊ ဘောလုံးသမားတွေရဲ့ လစာငွေက ဘာလို့ ဒီလိုမျိုး ထိလွယ်ရှလွယ်ခေါင်းစဉ်ဖြစ်နေရတာလဲ၊ ဘဏ္ဍာရေးကုမ္ပဏီတွေက ကောက်ခံတဲ့ ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကိုကျ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး"

"ကျနော်ကတော့ ဟန်ဒါဆန်ဖြစ်ဖြစ်၊ ဂျရတ်ဖြစ်ဖြစ်၊ ဆော်ဒီကို ဘယ်သူပဲသွားသွား အပြစ်တင်နေမှာမဟုတ်ဘူး၊ ကျနော်လည်း တပြားမှတော့မရပါဘူး၊ ဒါပေမယ့် ဆော်ဒီပရိုလိဂ်အောက်က လိဂ်မှာ ကျနော် အလုပ်တခုရှိပါတယ်၊ ဒါက ကျနော် မန်နေဂျာဖြစ်ဖို့ ရည်မှန်းချက်ရှိလို့ပါပဲ'

"ဆော်ဒီကို ပြောင်းတိုင်း ပိုက်ဆံအတွက်ပဲဆိုပြီး ပြောလို့မရပါဘူး၊ ဟန်ဒါဆန်နဲ့ ဂျရတ်ကို ပိုက်ဆံကြောင့် အဲဒီကို ပြောင်းတယ်ဆိုပြီး ပြောနေတာတွေကို ကျနော်လက်မခံပါဘူး၊ ရော်နယ်ဒို ပြောင်းတုန်းကကျတော့ ပိုက်ဆံကြောင့်ဆိုပြီး ဘယ်သူမှ မဝေဖန်ခဲ့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က