Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က မွေးရပ်မြေဖြစ်တဲ့ ဟင်္သာတမြို့သို့ ပြန်လည်ရောက်ရှိလို့ သွားပါပြီ။ အပျော်တွေနဲ့ မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ အခုဆိုရင် သူတတ်နိုုင်သလောက် အလှူတွေ စတင်လုပ် ကိုင်နေတာ ကိုလည်း တွေ့ရပါတယ်။
Photo : Aung Myint Oo FB
Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က မွေးရပ်မြေဖြစ်တဲ့ ဟင်္သာတမြို့သို့ ပြန်လည်ရောက်ရှိလို့ သွားပါပြီ။ အပျော်တွေနဲ့ မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ အခုဆိုရင် သူတတ်နိုုင်သလောက် အလှူတွေ စတင်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ ဖြိုးမြတ်အောင်ဟာ ဒီနေ့(သြဂုတ်လ၁၇ရက်)မှာ ဟင်္သာတဆေးရုံကြီးမှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo : ဖြိုးဖြတ်အောင် FB
အိမ်ပြန်ခရီးမှာ မျက်နှာပန်းလှခဲ့တဲ့ ဖြိုးမြတ်အောင်
ဟင်္သာတမြို့မှာရှိတဲ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေတဲ့ လူနာများအတွက် ပရိသတ်တွေနဲ့အတူ အာဟာရ ကျွေးမွေးကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူ အလှူတွေ ပြုလုပ်နေရလို့ ဖြိုးမြတ်အောင်တစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။
Photo : Aung Myint Oo FB
"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင် ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။