ဘန််ဇီမာကတော့ တစ်ယောက်တည်း နှစ်ဂိုးသွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်တာဝေါင်နဲ့ အယ်လ်အီတီဟတ်တို့ရဲ့ပွဲမှာ ဘန်ဇီမာက ဟာသဆန်ဆန် Own Goal တစ်ဂိုးကို သွင်းယူမိခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ဘန်ဇီမာ အယ်လ်အီတီဟတ်အတွက် ဦးဆောင်ဂိုးကို သပ်ရပ်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။



ပွဲကစားချိန် (၂၂) မိနစ်မှာ သွင်းယူခဲ့တဲ့ ဘန်ဇီမာရဲ့ ဒီသွင်းဂိုးက (၄) မိနစ်သာ ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲကစားချိန် (၂၆) မိနစ်မှာပဲ ဘန်ဇီမာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တာကြောင့် အယ်လ်အီတီဟတ်တို့ အယ်လ်တာဝေါင်ကို ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။


ပြိုင်ဘက်အသင်းရဲ့ ထောင့်ကန်ဘောကို ကာကွယ်ဖို့ ဂိုးဧရိယာထဲအထိ ဆင်းလာခဲ့တဲ့ ဘန်ဇီမာတစ်ယောက် ကံဆိုးခဲ့တယ်လို့လည်း ဆိုရမှာပါ။ ပြိုင်ဘက် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ဘန်ဇီမာက ကာကွယ်ရှင်းထုတ်ဖို့ ကြိုးစားရင်း ဘောလုံးက သူနဲ့ထိကာ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဘန်ဇီမာရဲ့ ဒီလိုမျိုး ကိုယ့်ဂိုးကိုယ်သွင်းယူမှုကို ဟာသဆန်ဆန် မှတ်ချက်ပြုခဲ့ကြပြီး ဘန်ဇီမာတစ်ယောက် သူ ကိုယ်တိုင်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို သူကိုယ်တိုင်ပဲ ပြန်လည်ချေပလိုက်သလိုဖြစ်သွားခဲ့တာပါ။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အယ်လ်အီတီဟတ်တို့ နိုင်ငံတကာပွဲအပြီး ပထမဆုံး ပြန်ကစားတဲ့ပွဲမှာ အမှတ်လျော့ခဲ့ပါတယ်။
ဘန်ဇီမာဟာ ဒီရက်ပိုင်းမှာ အစ္စရေးနဲ့ ဟားမားစ်တို့ရဲ့အရေးမှာ ဟားမားစ်တို့ဘက်က ကာကွယ်ပေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်ကြေညာထားတဲ့ မွတ်ဆလင်ညီနောင်အဖွဲ့နဲ့ အဆက်အသွယ်ရှိနေတယ်လို့လည်း စွပ်စွဲခံရတာကြောင့် ဒီလို စွပ်စွဲခဲ့တဲ့ ပြင်သစ်ဝန်ကြီးချုပ် ဒါမာနင်ကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က