ပရိသတ်တွေနဲ့ တွေ့ပြီး ပျော်နေတာ။

ပြည်သူတွေရဲ့ အချစ်တော် မြန်မာပြည်သိန်းတန်ဟာ ဟင်္သာတမြို့သို့ အလည်တစ်ခေါက် သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဟင်္သာတ မြို့သားလေး ဖြိုးမြတ်အောင်နဲ့အတူ နေရာစုံ လည်ပတ်ခဲ့သလို ဟင်္သာတမြို့သူမြို့သားများအတွက် သီချင်းများနဲ့ ဖျေ်ာဖြေပေးခဲ့ပါ သေးတယ်။



 

ပြည်သူချစ် အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ဟာ သြဂုတ်လ(၂၅) ရက်နေ့က ဟင်္သာတမြို့သို့ အလည်တစ်ခေါက် သွားခဲ့ပါ တယ်။ ဟင်္သာတမြို့ကို အလည်သွားခဲ့တဲ့ ဦးသိန်းတန်တို့ ဇနီးမောင်နှံဟာ ခိုလှုံရာ ဘိုးဘွားရိပ်သာမှာ တစ်နေ့တာအာဟာရ ကုသိုလ်ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အန်ကယ်တို့ ဇနီးမောင်နှံ ခရီးစဉ် အဆင်ပြေဖို့အတွက် ဟင်္သာတသားဖြစ်တဲ့ ဖြိုးမြတ်အောင်ကလည်း ခရီးစဉ်တစ်လျှောက် လိုက်လံပို့ ပေးခဲ့ပါသေးတယ်။ သြဂုတ်လ(၂၆) ရက်နေ့ကလည်း ဟင်္သာတမြို့ ဟင်္သာရင်ခွင်ကစားကွင်းမှာ အန်ကယ်ကို ချစ်တဲ့ပရိသတ်တွေအတွက် သီချင်းများနဲ့ ဖျေ်ာဖြေခဲ့ပါသေးတယ်။

ဒီနေ့(သြဂုတ်လ၂၇ရက်)မှာလည်း ဟင်္သာတမြို့ ငါးမျက်နှာဘုရားကျောင်းမှာရှိတဲ့ ဓူတင်ဆရာတွေကို သွားရောက်ဖူးမျှော်ဖြစ်တယ်လို့ Ei Thet King ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ။် ဖြိုးမြတ်အောင်ဆီသို့ အလည်သွားခဲ့တဲ့ အန်ကယ်တို့ ဇနီးမောင်နှံကိုလည်း ဖြိုးမြတ် အောင်က နေရာစုံ လိုက်ပို့ပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။

ပရိသတ်များအနေနဲ့လည်း အန်ကယ်တို့ ဇနီးမောင်နှံနဲ့ ဆုံတွေ့ခွင့်ရလို့ အရမ်းကို ပျော်နေကြပါတယ်။ ဖြိုးမြတ်အောင်အပေါ် အန်ကယ်ရဲ့ ချစ်ခင်မှုကို ကြည့်ပြီး ပရိသတ်တွေအားလုံးက ဝမ်းသာပီတိဖြစ်နေကြပါတယ်။

 

ဖြိုးမြတ်အောင်အနေနဲ့ လက်ရှိမှာ မိခင်ရဲ့ ဆန္ဒဖြစ်တဲ့ ဘုရားထီးတင်ဖို့နဲ့ ကထိန်ခင်းဖို့ကို ပြင်ဆင်လျက်ရှိပါတယ်။ ထို့အပြင်ဖြိုးမြတ် အောင်ကို ကြော်ငြာရိုက်ကူးဖို့အတွက်တွေ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့အတူ ပိုင်ဖြိုးသုတို့နဲ့ ဧကရာဇာကြော်ငြာ ကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင်  ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာပြည်သိန်းတန်ဟာ ဂီတလောကမှာ အောင်မြင်တဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ Myanmar Idol ရဲ့ အစီအစဉ်(၁) က စတင်ကာ (၃) အထိ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂီတလောကထဲမှာ ဆယ်စုနှစ်များစွာ ရပ်တည်လာခဲ့တဲ့ အဆို တော် မြန်မာပြည်သိန်းတန်က ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများမှာလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ယခုလက်ရှိရုံ တင်ပြ သနေတဲ့ "အဆိုတော်တွေနေတဲ့ရွာ" ရုပ်ရှင်ဇာတ်ကားမှာလည်း သူပါဝင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က