ပရိသတ်တွေအတွက်လည်း ရည်စူးလှူဒါန်းခဲ့တာ တွေ့ရပါတယ်။

ဟင်္သာတ မြို့နယ်က Green Makers – Hinthada သစ်ပင်စိုက်တဲ့ အဖွဲ့ကို အဆိုတော် ဖြိုးမြတ်အောင်က အလှူငွေကျပ် ၁၁ သိန်း လှူခဲ့တယ်လို့ ပြောပါတယ်။

Photo: Phyo Myat Aung

အဆိုတော် ဖြိုးမြတ်အောင်က ဟင်္သာတမြို့နယ်မှာ ပြုလုပ်တဲ့ သစ်ပင်စိုက် ပွဲအတွက် အလှူငွေကျပ် ၁၁ သိန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအလှူငွေကိုတော့ Green Makers Hinthada အဖွဲ့ကိုလှူခဲ့တာပါတဲ့။

‘’ကျွန်တော်တို့ ဟင်္သာတမြို့လေးမှာ Green Makers - Hinthada (GMH) ဆိုတဲ့ အဖွဲ့ ဖွဲ့ပြီး သစ်ပင်တွေ စိုက်ဖို့ လုပ်နေကြပါပြီ။ တစ်နိုင်ငံလုံးမှာလည်း သစ်ပင်စိုက်အဖွဲ့တွေ လုပ်နေကြတာကို သိပေမယ့် ဒီထက်ပိုပြီး သစ်ပင်စိုက်အဖွဲ့တွေ များလာစေချင်ပါသေးတယ်။ သစ်ပင်စိုက်တာဟာ အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုပါ။ GMH အဖွဲ့ကို ကျွန်တော်နှင့်ပရိသတ်မိသားစု ဆိုတဲ့ အမည်နဲ့ မတည်ငွေ (၁၁) သိန်းကျပ် လှူဒါန်းခဲ့ပါတယ်’’ ဆိုပြီးတော့ မေလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Phyo Myat Aung

အဲဒီနောက် အခုလို ပျော်ပျော်ပါးပါး သစ်ပင်စိုက်ပွဲမှာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း ပါဝင်ကြဖို့ ဖိတ်ခေါ်စကား ဆိုခဲ့တာကို တွေ့ရပါတယ်။

‘’ပရိသတ်မိသားစုတွေအနေနဲ့ မိမိတို့ မြို့မှာရှိတဲ့ သစ်ပင်စိုက်မယ့် အဖွဲ့တွေကိုလည်း ကူညီပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ GMH အဖွဲ့ကို လှူချင်ရင် အဖွဲ့ရဲ့ ဘဏ်အကောင့်ဖြစ်တဲ့ KBZ Account တခုတည်းကိုပဲ လွှဲပြီး လှူလို့ရပါတယ်။ KBZ Account - 3673 0201 801 345 801, Account Name - U Phyo Paing Soe’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Phyo Myat Aung

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကို အသေးစိတ် မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်း ဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က