စောဒကတက်လွန်းအားကြီးတဲ့အပေါ်မှာ ကွန်တီက ပြောဆိုခဲ့တာပါ။

အာတီတာအနေနဲ့ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးကို စောဒကတက်ပြီး အပြစ်ဖို့နေတာတွေကို ရပ်တန့်သင့်တယ်လို့ စပါးနည်းပြကွန်တီက ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲမှာ အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရတဲ့အပြင် ကစားသမားတဦးလည်း အထုတ်ခံခဲ့ရလို့ စပါးကိုဘယ်လိုမှမယှဉ်နိုင်တော့ဘဲ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ 

၂၂ မိနစ်မှာ စပါးက ပင်နယ်တီရခဲ့ပြီးတော့ ၃၃ မိနစ်မှာ ဟိုးဒင်းလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ကိန်းက နောက်ထပ်တဂိုးနဲ့ ဆွန်ဟောင်မင်က ဒုတိယပိုင်းပြန်စပြိးသိပ်မကြာခင်မှာပဲ ပွဲသိမ်းဂိုးသွင်းယူခဲ့ကာ သူတို့ရဲ့ အဆင့် ၄ အိပ်မက်ကို အသက်သွင်းထားနိုင်ခဲ့ပါတယ်။ ဟိုးလ်ဒင်းကတော့ ပထမတကြိမ်အဝါထိထားခဲ့ပြီးနောက် နောက်ထပ်ပြစ်ဒဏ်ကျူးလွန်လို့ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့၇တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာတီတာက "ကျနော့်အထင်ကို ပြောမယ်ဆိုရင် ၆ လလောက် ပွဲပယ်ခံရနိုင်တယ်၊ ကျနော် တနင်္လာနေ့ကစားမယ့်ပွဲကို ကွင်းဘေးမှာရှိချင်ပါသေးတယ်၊ ကျနော်ကတော့ ဒိုင်လူကြီးက ကင်မရာတွေရှေ့လာပြီး သူ့ဆုံးဖြတ်ချက်ကို ရှင်းပြစေချင်တယ်၊ ဘာလို့လဲဆိုတော့ ဒီပွဲအတွက် ကျနော်တို့ စိတ်လှုပ်ရှားနေခဲ့ရပြီးတော့ လှပတဲ့ပွဲတခုက ပျက်စီးသွားခဲ့ရတယ်" လို့ ပြောဆိုသွားခဲ့တာပါ။ 

စပါးနည်းပြကွန်တီကလည်း "အာတီတာက အရမ်းကောင်းတဲ့ နည်းပြတဦးပါ၊ ဒါပေမယ့် ဒီအလုပ်စလုပ်ပြီဆိုရင် ကိုယ့်အသင်းကို ပိုဂရုစိုက်ရမှာဖြစ်ပြီး စောဒကတက်တာတွေကို မလုပ်သင့်တော့ဘူး၊ ကျနော် စပါးကိုရောက်နေတဲ့ ၆ လအတွင်းမှာ သူ စောဒကတက်တာတွေ အများကြီးကို ကြားခဲ့ရပြီးပြီ၊ သူ စိတ်အေးအေးထားဖို့ ပိုလိုတယ်၊ ကျနော်အကြံပေးတာကို သူ လက်မခံဘူးဆိုလည်း ကျနော်ကတော့ ဂရုမစိုက်ဘူး"

"ကျနော့်အတွက်တော့ ဒီအနီကတ်က ရှင်းရှင်းလေးပဲ၊ စောဒကတက်ချင်တယ်ဆိုရင် ကျနော်တို့ ပွဲတိုင်းမှာ ဒိုင်လူကြီးတွေကို ပြောစရာတွေချည်းပဲ၊ ဆုံးဖြတ်ချက်တွေ၊ ပွဲရွှေ့ဆိုင်းတာတွေပေါ့၊ မှတ်မိသေးလားမသိဘူး၊ ဒီပွဲကို အာဆင်နယ်က ကစားသမားတဦးတည်း ကိုဗစ်ဖြစ်နေတာတောင် ရွှေ့ခဲ့တာလေ၊ ကျနော်ကတော့ မမေ့ဘူး၊ ဘာလို့လဲဆိုရင် ကျနော်တို့ကို ဒေါသထွက်စေခဲ့တာလေ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က