ကာရေဂါကို ရစ်ချာလီဆန်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

လီဗာပူးကစားသမားဟောင်း ကာရေဂါကို အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆန်က အပြင်းအထန် ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲမှာ အဲဗာတန်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီနိုင်ပွဲကြောင့် အဲဗာတန်တို့ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ရပြီး ဒီပွဲအပြီးမှာ ရစ်ချာလီဆန်က အခုလိုပဲ ကာရေဂါကို လူသိရှင်ကြား ထိုးနှက်ပြောကြားခဲ့တာပါ။ ကာရေဂါဟာ လီဗာပူးနဲ့အဲဗာတန်တို့ရဲ့ပွဲမှာ အဲဗာတန် ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်၊ ဒိုကိုရီတို့ကို ပြစ်တင်ဝေဖန်ခဲ့ဖူးပါတယ်။ အဲ့ဒီပွဲမှာ လီဗာပူးက အဲဗာတန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲကဖြစ်ရပ်နဲ့ပတ်သက်လို့ ကာရေဂါက “ရစ်ချာလီဆန်ကို ကျနော် အရိုးသားဆုံးပြောတာပါ။ အိပ်ရာကထပြီး လုပ်စရာရှိတာလုပ်စမ်းပါ” လို့ ရစ်ချာလီဆန်ကို မကြာခဏလှဲချနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၂၀) မှာလည်း ကာရေဂါက “ရစ်ချာလီဆန်က တပွဲကို အနည်းဆုံး သုံးခါလောက်လှဲချပါတယ်”

“ပြီးရင် သူက ဘာမှဒဏ်ရာကြီးကြီးမားမားလည်း ရတာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။ မနေ့ညက ရစ်ချာလီဆန်ဟာ အဲဗာတန်အတွက် သရေကျစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အဲဗာတန်လည်း တန်းဆင်းဇုန်က လွတ်သွားတဲ့နောက် သူ့ရဲ့ တွစ်တာကတဆင့် ကာရေဂါကို အခုလိုမျိုးပဲ တုံ့ပြန်ခဲ့ပါတယ်။

ရစ်ချာလီဆန်က “ကာရေဂါရေ။ ကျနော်နဲ့ အဲဗာတန်အကြောင်းကို မပြောခင် ခင်ဗျား ပါးစပ်ကြီးကို အရင်သွားဆေးလိုက်စမ်းပါ။ ကျနော် ခင်ဗျားကို နည်းနည်းမှ မလေးစားဘူး” လို့ တွစ်တာကတဆင့် ရေးသားသွားခဲ့တာပဲဖြစ်ပါတယ်။

ကာရေဂါတို့၊ နဗီးလ်တို့၊ ရွိုင်ကိန်းတို့လို ကစားသမားဟောင်းတွေဟာ သူတို့ရဲ့ဝေဖန်ပြောဆိုချက်တွေကြောင့် ကစားသမားတွေ၊ နည်းပြတွေရဲ့ အခုလိုပြန်လည်တုံ့ပြန်ခြင်းနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။  

Share

Loading Next Article...
က္က