ကျန်းမာရေးထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။

ပိုပိုက ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့သူ တစ်ယောက်ပါ။

Photo; Min Min Soe

အဆိုတော်မလေး ပိုပိုက အဆုတ်ထဲ ရေဝင်ပြီး အမောဖောက်ဝေဒနာ ခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် သူမနဲ့အတူ မိတ်ဆွေ တချို့က ကျန်းမာရေး ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

‘’မိုး လှူတဲ့ အလှူတိုင်းမှာ မိုး ချစ်ခင်သူတွေ စိတ်ချမ်းသာဖို့ အဓိက ရည်ရွယ်ပါတယ်ကွယ်’’ ဆိုပြီးတော့ မေလ ၂ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Min Min Soe

ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် အားကြိုးမာန်တက် ကူညီဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အဖွဲ့လိုက်ဖြစ်စေ၊ သူမ တစ်ဦးတည်းဖြစ်စေ၊ အလှူအတန်းတွေ လုပ်နေတတ်တာကို တွေ့ရပါတယ်။ မေလ အတွင်းမှာလည်း သီလရှင်မဝတ်နိုင်တဲ့ အမျိုးသမီးငယ်လေးတွေကို ကိုယ်တိုင် သီလရှင်ဝတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Po Po

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

Photo: Min Min Soe

အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က