ကစားသမားရဲ့ ဖြစ်လာနိုင်ချေအပေါ် အဘွန်လဟော်က ယုံကြည်နေတာပါ။

ဘောလုံးဝေဖန်သုံးသပ်သူ ဂါဘရီရယ်အဘွန်လဟော်က မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟော့ဂျ်လန်းဟာ မန်စီးတီးတိုက်စစ်မှူးဟာလန်းလို ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီအတွက် အကောင်းဆုံးခေါ်ယူမှုတွေအကြောင်းကို သုံးသပ်ချိန်မှာ အဘွန်လဟော်က သူ့စိတ်ကြိုက်အဖြစ်ဆုံး ကစားသမား ၅ ဦးရဲ့ အပြောင်းအရွှေ့ကို ရွေးချယ်ပြောဆိုခဲ့တာပါ။ 

သူက နံပါတ် ၅ နေရာမှာ​ ဟော့ဂျ်လန်းကို ထားရှိခဲ့ပြီး ဒိန်းမတ်တိုက်စစ်မှူးက အာလင်းဟာလန်းလိုမျိုး ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။ ဟော့ဂျ်လန်းဟာ ယူနိုက်တက်ဆီကို အတ္တလန္တာကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ကစားပေးရခြင်းမရှိသေးဘဲ လေ့ကျင့်ခန်းဆင်းနေဆဲသာဖြစ်ပါတယ်။ 

"သူနဲ့ပတ်သက်ပြီး ကျနော်မြင်တာကတော့ သူက နောက်ထပ်ဟာလန်းပါပဲ၊ အဲဒါ တကယ်ပါ၊ ဟော့ဂျ်လန်းက သန်မာတယ်၊ မြန်တယ်၊ ခြေနှစ်ချောင်းစလုံးနဲ့ ဂိုးသွင်းနိုင်တယ်၊ လေထဲကစားပုံလည်းကောင်းတယ်၊ ချိတ်ဆက်ကစားပုံမှာလည်း ကောင်းမွန်တဲ့သူပါ၊ မန်ချက်စတာယူနိုက်တက်အတွက် သူက တောက်ပလာမယ့်သူလို့ ကျနော် ခံစားရတယ်၊ 

"ပြီးခဲ့တဲ့ရာသီက သူ စီးရီးအေမှာ ၉ ဂိုးပဲရတာကို ကျနော် မစဉ်းစားဘူး၊ သူ့အသက်အရွယ်ကို ကျနော်ကြည့်တယ်၊ တရာသီပြီးတရာသီ သင်ယူနေတဲ့ လူငယ်တဦးအဖြစ် ကျနော်ကြည့်တယ်၊ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ Physical Striker တဦး ဖြစ်လာမှာပါ" လို့ အဘွန်လဟော်က ပြောဆိုခဲ့ပါတယ်။ 

ဟော့ဂျ်လန်းကတော့ အသက် ၂၀ အရွယ်သာရှိသေးပြီး ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့ အတ္တလန္တာတို့မှာ အထင်ကြီးဖွယ်ခြေစွမ်းတွေကို ပြသခဲ့တဲ့နောက် ယူနိုက်တက်က ယူရိုသန်း ၇၀အထိ ပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က