အသင်းငယ်လေးနဲ့ ဂိုးမရှိ သရေကျခဲ့တာပါ။

ဘယ်လ်ဂျီယမ်ကြယ်ပွင့် အီဒင် ဟာဇက်ဟာ တနင်္ဂနွေနေ့ညနေက ကဒစ်ဇ်ရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးမရှိသရေရလဒ်သာ ရရှိခဲ့တာကြောင့် ၁၁ ပွဲဆက် နိုင်ပွဲရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

အသင်းက ကစားသမားတွေ ကိုဗစ်ကူးစက်မှု ခံထားရတာကြောင့် နည်းပြ အန်ဆယ်လော့တီအတွက် ဟာဇက်ကို အသင်းလူစာရင်းထဲမှာ ပြန်လည်ထည့်သွင်းဖို့ ဖြစ်လာခဲ့ရတာဖြစ်ပေမယ့် အိမ်ကွင်း ဘာနေဗျူးမှာ အသင်းငယ်လေးဖြစ်တဲ့ ကဒစ်ဇ်ကိုတောင် အနိုင် မယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကဒစ်ဇ်နဲ့ ဂိုးမရှိသရေကျခဲ့ချိန်မှာ ဒုတိယနေရာက ဆီဗီးလားအသင်းက အက်သလက်တီကို မက်ဒရစ်ကို စနေနေ့က အနိုင်ရရှိထားခဲ့တာကြောင့် ရီးရဲလ်ရဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ပြတ်နဲ့ ဦးဆောင်ထားမှုက ၆ မှတ်အထိ လျော့ကျခဲ့တာဖြစ်ပါတယ်။



လာလီဂါ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး စနေနေ့ညနေက အယ်လ်ချီကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာကလည်း ၁၆ မှတ်အထိ ကွာနေတာဖြစ်ပါတယ်။ အီဒင် ဟာဇက်ရဲ့ ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဟာ စက်တင်ဘာ ၂၁ ရက်နေ့က ရှီရစ် တီရာစပေါ်ကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းကဖြစ်ပြီး ဘယ်လ်ဂျီယံကြယ်ပွင့်ရဲ့ ရာသီဟာ နောက်ထပ်တစ်ကြိမ် ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုမရှိခြင်းတို့ရဲ့ နှောင့်ယှက်ခြင်းကို ခံနေရပြန်ပြီဖြစ်ပါတယ်။

ဟာဇက်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သိသာထင်ရှားတဲ့ ကမ်းလှမ်းမှု ရောက်ရှိလာခဲ့မယ်ဆိုရင် ဘာနေဗျူးကို စွန့်ခွာနိုင်ဖွယ်ရှိနေသူဖြစ်ပြီး အသက် ၃၀ အရွယ် ကစားသမားဟာ ကဒစ်ဇ်နဲ့ပွဲစဉ် ပထမပိုင်းမှာ ညာတောင်ပံကနေ အကျိုးသက်ရောက်မှု အနည်းငယ်သာ ပြုလုပ်ပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကွင်းလယ်ဗဟိုကို ပိုမိုရွေ့လျားကစားခဲ့တဲ့အချိန်မှာ အတိုင်းအတာတစ်ခုအထိတော့ တိုးတက်မှုရှိခဲ့တာဖြစ်ပါတယ်။

Share

က္က