Vodka ကုမ္ပဏီတည်ထောင်ပြီး ကြွယ်၀လာတာပါ။

တချိန်က ချယ်လ်ဆိးမှာ ဟာဇက်ကစားနေတုန်း ဆွမ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဘောကောက်ကလေးငယ်ကို ကန်ခဲ့တာကို မှတ်မိကြဦးမှာပါ။ ဟာဇက်က ပွဲကို ချက်ချင်းပြန်စဖို့အတွက် ကြိုးစားချိန်မှာ ဘောလုံးကို မပေးဘဲ ယူထားကာ အချိန်ဆွဲခဲ့လို့ ဟာဇက်က လိုက်လုရင်းနဲ့ ကန်က​ျောက်မိခဲ့တာကြောင့် ဝေဖန်မှုတွေအများကြီး ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆွမ်ဆီးအတွက်တော့ အဆိုပါကလေးငယ်က သူရဲကောင်းလို ဖြစ်ခဲ့ပါတယ်။ 

အခုအခါမှာတော့ အဆိုပါကလေးငယ်ဟာ ဗြိတိန်ရဲ့ အသက် ၃၅နှစ်အောက် အချမ်းသာဆုံးသူဌေးတွေထဲမှာ တဦးအပါအဝင်ဖြစ်နေပြီး ပေါင် ၅၅ သန်းအထိ ကြွယ်၀နေကာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းထက်တောင်မှ ချမ်းသာနေတယ်လို့ Sunday Times က ဖော်ပြခဲ့ပါတယ်။ 

သူဟာ နာမည်ကျော်အားကစားသမားတွေဖြစ်တဲ့ မက်အီရွိုင်း၊ ဂျိုရှူဟွာ၊ ဂါရတ်ဘေးလ်၊ စတာလင်၊ ဟယ်ရီကိန်းတို့နဲ့အတူ ဒီစာရင်းမှာ ပါဝင်နေခဲ့တာပါ။ ချာလီမော်ဂန်လို့ အမည်ရတဲ့ ဒီ ဘောကောက်လူငယ်ဟောင်းဟာ ဟယ်ရီကိန်းထက် ပေါင် ၄ သန်း ပိုမိုကြွယ်၀နေပြီး သူ့ရဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ တည်ထောင်ခဲ့တဲ့ premium vodka ကုန်ပစ္စည်းကြောင့် အခုလို ကြွယ်၀ခဲ့တာပါ။ 

သူဟာ AU Vodka ကို စတင်မိတ်ဆက်ခဲ့ပြီးနောက်မှာ တဟုန်ထိုးကြွယ်၀လာခဲ့ပြီး လူချမ်းသာအသိုင်းအဝိုင်းကြားမှာတော့ သူ့ရဲ့ Vodka က ရေပန်းစားခဲ့ပါတယ်။ ဟာဇက်နဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စကြောင့် လူသိများထင်ရှားခဲ့ပေမယ့်လည်း သူဟာ အားကစားန​ဲ့ မသက်ဆိုင်တဲ့ စီးပွားရေးနယ်ပယ်မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အခုအခါ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မော်ဂန်ဟာ ထူးခြားလှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုလင်းဒီဇိုင်းတွေနဲ့ Vodka ရောင်းချနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုလို နာမည်ကျော်ကစားသမားဟောင်းကြီးကလည်း အဆိုပါ Vodka နဲ့အတူ ဓာတ်ပုံတွဲရိုက်ကူးခဲ့ပါသေးတယ်။ 



Share

Loading Next Article...
က္က