စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကြောင့် ပြိုင်ဘက်အသင်းကစားသမားရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခြင်းခံခဲ့ရပါတယ်။

အီဒင် ဟာဇက်ဟာ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြသခဲ့တဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကြောင့် ပြိုင်ဘက်အသင်းကစားသမားရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခြင်းခံခဲ့ရပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ စတုတ္ထတန်းအသင်းဖြစ်တဲ့ ကာဆယ်ရယ်ညိုအသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ယူပြီး ကိုပါဒယ်ရေးဖလား ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ရိုဒရီဂိုရဲ့ သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာဆယ်ရယ်ညိုအသင်းကို ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂါနေ့ညက ဖလားပြိုင်ပွဲကနေ အဓိက ပြောစရာအချက်တွေထဲက တစ်ခုဟာ ဟာဇက်ရဲ့ စပိန်အောက်တန်းအသင်းနဲ့ ပွဲစဉ်က စွမ်းဆောင်ရည် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ ကာဆယ်ရယ်ညိုနဲ့ ကစားခဲ့တဲ့ ၆၇ မိနစ်အတွင်းမှာ အထင်ကြီးဖွယ်ခြေစွမ်း ပြသနိုင်ခဲ့ခြင်းမရှိဘဲ အသက် ၃၁ နှစ်အရွယ် တောင်ပံကစားသမားဟာ သွင်းဂိုးမရှိ၊ လိမ်ခေါက်ဖို့ ကြိုးပမ်းမှုတစ်ကြိမ်မှတောင် မလုပ်နိုင်ခဲ့ဘဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကာဆယ်ရယ်ညိုကစားသမား ကာမီလို မယ်ရီစီယာနိုက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပွဲနဲ့ပတ်သက်ပြီး ဂရုစိုက်ခြင်းမရှိဘူးလို့ ပြောကြားပြီး ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ "ဟာဇက်လား။ သူ့ပုံစံက ပွဲနဲ့ပတ်သက်ပြီး ဂရုမစိုက်တဲ့ပုံစံမျိုးပဲ။ သူ ဘောလုံးကို မရယူချင်ဘူး။ သူ မပြေးလွှားခဲ့ဘူး။ သူက လုံးဝကို သတိမပြုမိဘဲ ကွင်းထဲမှာ ရှိနေခဲ့ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က