ဟာဇက်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ပြောင်းရွှေ့သွားတဲ့ဂိုးသမား ကော်တိုရစ်နဲ့အတူ ရီးယဲလ်ကိုပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့သူပါ။

ကာဒစ်ဖ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ဟာဇက်ကို ဒီရာသီမှာ ဂိုး၄၀အထိသွင်းနိုင်လိမ့် မယ်လို့ နည်းပြဆာရီက ဟောကိန်းထုတ်ခဲ့ပါတယ်။ ဆာရီက ဟာဇက်ဟာ ဥရောပအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တယ်လို့လည်း ချီးကျုးခဲ့ပါတယ်။

NINTCHDBPICT0004341725431-e1537048573987.jpg

Photo: Daily Mail

 

ချယ်လ်ဆီးအတွက် ရာသီအစပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဟာဇက်တစ်ယောက်ပုံမှန်ခြေစွမ်းပြန်ရနေပါပြီ။ စနေညက ကစားခဲ့တဲ့ ကာဒစ်ဖ်အသင်းနဲ့ပွဲမှာ ဟာဇက်ဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲက နည်းပြသစ်ဆာရီအတွက် ရာနှုန်းပြည့်နိုင်ပွဲစံချိန်ဆက်ထိန်းနိုင်ခဲ့တဲ့ပွဲပါ။

Photo: Daily Mail

အသင်းလိုဂိုမပါတဲ့ အကျီၤဝတ်ဆင်ခဲ့တဲ့ အယ်လ်ဒါဝီရတ် 

ဟာဇက်ရဲ့ဟက်ထရစ်အတွက် ဆာရီက ဝမ်းသာပျော်ရွှင်နေပြီး ဒီရာသီမှာ ဂိုး၄၀အထိသွင်းယူနိုင်လိမ့်မယ်လို့လည်းဟောကိန်းထုတ်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ကို ပြောင်းမယ်လို့ သတင်းကြီးနေတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း၂၀၀တန် ကစားသမား ဟာဇက်တစ်ယောက်အသင်းမှာပျော်ရွှင် နေပြီးဆက်ထိန်းထားနိုင်ဖို့အတွက်လည်း ဆာရီက မျှော်လင့်နေပါတယ်။ ဟာဇက်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ပြောင်းရွှေ့သွားတဲ့ဂိုးသမား ကော်တိုရစ်နဲ့အတူ ရီးယဲလ်ကိုပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့သူပါ။

Photo: Daily Mail

 

“ဟာဇက်က ဥရောပရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ဒီအမြင်ကို ကျွန်တော်ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး။ သူသာအစွမ်းကုန်အားထုတ်မယ်ဆိုရင် ဒီရာသီမှာ ဂိုး၄၀အထိသွင်းနိုင်မှာပါ။ ဒါက မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။”လို့ ဆာရီကပြောပါတယ်။ ဘယ်လ်ဂျီယမ်ကစားသမား ဟာဇက်ဟာ ဒီရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကလပ်အသင်းအများစုရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပြီး ချယ်လ်ဆီးက ထွက်ခွာမယ်လို့ သတင်းကြီးခဲ့ပေမယ့် အသင်းမှာဆက်ရှိနေခဲ့ပါတယ်။ နည်းပြသစ် ဆာရီဟာ ဟာဇက်ကို ကွင်းလယ်တောင်ပံကနေ အထောင်တိုက်စစ်မှူးနေရာမှာ ထားသုံးဖို့လည်း စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Share

Loading Next Article...
က္က