ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ မယ်လ်မိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကွင်းအတွင်းကျူးကျော်လာသူတစ်ဦးရဲ့ ပွေ့ဖက်ခြင်းကို ခံခဲ့ရပါတယ်။
ယမန်နေ့ညက မယ်လ်မိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း ၇၁ မိနစ်မှာ ဟာဇက်က ဝီလီယံရဲ့နေရာမှာ လူစားဝင်ကစားခဲ့ပါတယ်။ ပွဲအပြီးဝီစီမှုတ်လိုက်ချိန်မှာ ကွင်းအတွင်းကို ပရိသတ်တစ်ဦး ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ဟာဇက်ဆီကို ဦးတည်ပြေးလွှားခဲ့ပါတယ်။
ကွင်းလံုံခြုံရေးတွေဟာ အလျင်အမြန် ကြားဝင်ခဲ့ပြီး ဟာဇက်ဟာ ရုတ်တရက်တုန်လှုပ်သွားခဲ့ပေမယ့် ပရိသတ်တစ်ဦးမှန်း သိလိုက်ရတာနဲ့တပြိုင်နက် ၎င်းရဲ့အကျ ႌကိုချွတ်ပေးခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ရော့စ်ဘာကလေနဲ့ ဂီရော့ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ မယ်လ်မိုအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပြီးဆုံးခါနီး ၁၀ မိနစ်အလိုမှာ ခရစ်စတီယန်ဆန်ရဲ့ ချေပဂိုး တစ်ဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။
မယ်လ်မိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ နည်းပြဆာရီက “ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အသင်းတစ်သင်းနဲ့ ပွဲကောင်းတစ်ပွဲကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေမှာ အနည်းငယ်ကြောက်ရွံ့နေခဲ့ပါတယ်”
“ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီထက်ပိုတဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိဖို့ ထိုက်တန်ပါတယ်”
“ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယုံကြည်ချက်နဲ့ကစားခဲ့လို့ပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲအပြီးမှာ(ချယ်ဆီးကို ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲကိုဆိုလို) မလွယ်ကူခဲ့ပါဘူး”လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။