Xiaomi ရဲ့ ဘက်ဂျက် ဖုန်း brand တစ်ခုဖြစ်တဲ့ Redmi ကနေ တန်ဖိုးသင့် Redmi 10 Prime ကို မိတ်ဆက်လိုက်ပါတယ်။
Redmi 10 Prime မိတ်ဆက်ပွဲကို အိန္ဒိယမှာ ကျင်းပသွားခဲ့တာပါ။ ဒီပွဲမှာ Redmi 10 Prime နဲ့ Redmi Earbuds 3 Pro TWS တို့ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ Redmi 10 Prime ဟာ မျက်နှာပြင် ၆.၅ လက်မ LCD panel နဲ့လာပြီး ဖုန်းအပေါ် အလယ်တည့်တည့်မှာ punch-hole display သုံးလာတာပါ။ FHD+ ရုပ်ထွက်ပါရှိပြီး screen resolution အနေနဲ့ 1080 x 2400p သုံးထားပါတယ်။
Photo: android central
90Hz refresh rate ပါရှိပြီး ဖုန်းလုံခြုံရေးအတွက် ဖုန်းဘေးဘောင် လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။ Redmi 10 Prime ဟာ ကမ္ဘာ့ပထမဆုံး Helio G88 chipset သုံးလာတဲ့ ဖုန်းဖြစ်ပြီး RAM 6GB/128GB storage အထိ ပါရှိပါတယ်။ storage ထပ်တိုးဖို့အတွက်လည်း microSD card slot တစ်ခု ထည့်ထားပါတယ်။ punch-hole ကင်မရာအိမ်မှာ 8MP selfie ကင်မရာ သုံးထားပါတယ်။
ကျောဘက်ကင်မရာအိမ်ဟာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့လာပြီး 50MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultrawide lens ၊ 2MP macro ကင်မရာနဲ့ 2MP depth assist lens ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ Redmi 10 Prime ဟာ အကြီးစား 6000mAh ဘက်ထရီနဲ့ လာပြီး standby မှာ ၇၂၃ နာရီအထိ အထားခံမယ်လို့ ကြော်ငြာထားပါတယ်။ ဘက်ထရီအားသွင်းစနစ်အနေနဲ့ USB Type C ကနေ 18W fast charging နဲ့ 9W reverse charging ပံ့ပိုးပေးထားပါတယ်။
Photo: techblog
စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် အပူစစ်ထုတ်နိုင်စွမ်း မြင့်မားတဲ့ ဂရပ်ဖိုက်ပြားနှစ်ပြားပါ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ Android 11 အခြေခံ MIUI 12.5 သုံးထားပြီး တော်ရုံ ဖုန်တင်တာ ၊ ရေစင်တာကို ဒဏ်ခံနိုင်မယ်လို့လည်း ပြောထားပါတယ်။ dual 4G VoLTE ၊ dual stereo speaker နဲ့ 3.5mm audio jack လည်း သုံးနိုင်မှာပါ။ Phantom Black ၊ Astral Blue နဲ့ Bitfrost White သုံးရောင်နဲ့ လာပြီး RAM 4GB/64GB storage ကို ၁၂၄၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်) ၊ RAM 6GB/128GB storage ကို ၁၄၄၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်းခွဲ) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။