Nvidia ဝန်ထမ်း ၇ သောင်းကျော်ရဲ့ အချက်အလက်တွေလည်း ရယူသွားပါတယ်

Nvidia ချပ်စ်ကုမ္ပဏီကြီးကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်သွားတဲ့ ဟက်ကာအဖွဲ့ဟာ Samsung ဆီက အချက်အလက်တွေလည်း ရယူသွားခဲ့တယ်လို့ ဆိုပါတယ်။ 

Lapsus$ ဆိုတဲ့ ဟက်ကာအဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ အမေရိကန် Chipmaker ကြီး ဖြစ်တဲ့ Nvidia ကို ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး ဝန်ထမ်းပေါင်း ၇ သောင်းကျော်ရဲ့ အီးမေးလ် လိပ်စာနဲ့ NTLM စကားဝှက်တွေကို ထိန်းချုပ်သွားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ တောင်ကိုရီးယား နည်းပညာလုပ်ငန်းစုကြီးဖြစ်တဲ့ Samsung ကိုလည်း တိုက်ခိုက်မှု လုပ်ခဲ့ပြီး Samsung ပရောဂျက်တွေနဲ့ ဆက်စပ်နေတဲ့ ဒေတာသိုလှောင်ခန်းတွေနဲ့ ကုမ္ပဏီပိုင် Applications တွေရဲ့ source code အပါအဝင် လျှို့ဝှက်အချက်အလက် 190GB နီးပါးကို ရယူသွားခဲ့တယ်လို့ PCGamer က ဖော်ပြပါတယ်။




ဘယ်အချိန်က Samsung ဆိုက်ဘာတိုက်ခိုက်မှု လုပ်ခဲ့ပြီး ဘယ်လိုမျိုး ထိတွေ့ဝင်ရောက်မှု လုပ်ခဲ့သလဲ ဆိုတဲ့အချက်တော့ မသိရသေးပါဘူး။ Lapsus$ အဖွဲ့အနေနဲ့ လူသိရှင်ကြား တောင်းဆိုတာမျိုးလည်း မလုပ်သေးပါဘူး။ Nvidia ကို တိုက်ခိုက်မှုလုပ်ခဲ့စဉ်က ဒီအဖွဲ့အနေနဲ့ Nvidia ဆီကနေ ငွေတောင်းတာမျိုး မလုပ်ဘဲ ကုမ္ပဏီရဲ့ Open-Source GPU Drivers တွေ တောင်းဆိုခဲ့သလို Nvidia 30-series GPUs တွေဆီက Ethereum Crypto Mining nerf ကန့်သတ်တဲ့ Lite Hash Rate (LHR) ကို ဖယ်ရှားဖို့လည်း အကျပ်ကိုင်ခဲ့ပါတယ်။ 

Lapsus$ အနေနဲ့ ဒီ Crytpo Neft ကို ဒေါ်လာ ၁ သန်းနဲ့ bypass လုပ်ရောင်းဖို့လည်း မှန်းထားတာ ဖြစ်ပါတယ်။ Nvidia ပေါက်ကြားမှုထဲမှာ Windows ကနေ လက်ခံထားဆဲဖြစ်တဲ့ သက်တမ်းကုန်ပြီးသား Code-signing ထောက်ခံချက်တွေလည်း ပါဝင်နေတာကြောင့် ဖွင့်လိုက်တာနဲ့ malware ကူးစက်သွားနိုင်တယ်လို့ ဆိုပါတယ်။ Lapsus$ ဟာ GPU ကုမ္ပဏီ Nvidia ဆီက လျှို့ဝှက်အချက်အလက်ပေါင်း 1TB ခန့် ရသွားခဲ့တာ ဖြစ်ပါတယ်။ 

Samsung ကုမ္ပဏီကတော့ အခြေအနေကို ပြန်စီစစ်အကဲဖြတ်မှု လုပ်နေတယ်လို့ Korean Herald က ဖော်ပြပါတယ်။ ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ အသစ်ထွက်ထားတဲ့ Samsung ထုတ်ကုန်တွေအားလုံးအတွက် Bootloader source code ၊ ဇီဝလုံခြုံရေး Unlock စနစ်အတွက် codes အပြင် Qualcomm ဆီက အရေးကြီးတဲ့ လျှို့ဝှက်အချက်အလက်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ 


Share

Loading Next Article...
က္က