စပါးနဲ့ပွဲမှာ ဒီနှစ်အတွင်း သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပါတယ်။

စပါးနဲ့ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်တိုက်သစ်မှူးရော်နယ်ဒိုက သူတို့သာ အတူတကွကြိုးစားရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ အိုးထရက်ဖို့း်မှာ အံ့ဖွယ်သရဲခြေစွမ်းမျိုးပြသခဲ့ပြီး အသင်းကို သူ့ရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲယူပေးခဲ့ကာ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

ယူနိုက်တက်ကို ပြန်ရောက်လာအပြီး ပထမဆုံးဟက်ထရစ်ကို ရော်နယ်ဒိုက ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်တိုက်သသ်မှူးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တက်ဒီရှရင်ဂမ်ပြီးရင် ဒုတိယမြောက်အသက်အကြီးဆုံးဟက်ထရစ်ရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖီဖာကအသိအမှတ်ပြုထားတဲ့ တရားဝင့်ပိုင်ပွဲတွေမှာ ၈၀၆ ဂိုးအထိ ရရှိခဲ့ပြီး ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ "အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာပြီးကတည်းက ကျနော့်ရဲ့ ပထမဆုံးဟက်ထရစ်အတွက် အရမ်းပျော်ရွှင်ရပါတယ်၊ ကွင်းထဲပြန်ဝင်လာရတဲ့ ခံစားချက်ကို ဘယ်အရာကမှ မလွန်ဆန်နိုင်ခဲ့သလို အသင်းကို ဂိုးတွေနဲ့ ကူညီနိုင်ခဲ့ပါတယ်၊ ကြိုးကြိုးစားစားနဲ့ အတူရပ်တည်နေသရွေ့သတ်မှတ်ထားတဲ့ရက်တိုင်း ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာကို နောက်တကြိမ်ပြသနိုင်ခဲ့ပါတယ်၊ယူနိုက်တက်အတွက် ကန့်သတ်ချက်ဆိုတာ မရှိပါဘူး၊ ဘာတွေပဲဖြစ်ဖြစ်ကိစ္စမရှိဘူး၊ ဆက်သွားကြစို့၊ သရဲနီတွေရေ" လို့ ရေးသားခဲ့ပါတယ်။

ဒီသွင်းဂိုးတွေကြောင့် ရော်နယ်ဒိုစာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ ဂိုးအထိရရှိသွားပြီဖြစ်ပြီး ဂိုး ၂၀ သွင်းယူထားတဲ့ ဆာလာရဲ့နောက်မှာ ဒုတိယနေရာကနေ ကပ်လိုက်နေပါတယ်။ ပြက္ခဒိန် ၁၆ နှစ်ဆက်တိုက် လိဂ်ဂိုး ၁၀ ဂိုးနဲ့အထက် ရရှိခဲ့သလို ၁၃ နှစ်ဆက်တိုက် တနှစ်ချင်းဆီမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ စံချိန်ကိုလည်း သုက ပိုင်ဆိုင်ခဲ့ပါသေးတယ်။ အေတီကိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ရော်နယ်ဒိုက သွင်းဂိုးတွေနဲ့ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က