ဟက်ထရစ်သွင်းခဲ့ပေမယ့် နည်းပြက မကျေမနပ်ဖြစ်နေတာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေဟာ စနေနေ့ညက ကစားခဲ့တဲ့ ရိုင်းမ်စ်နဲ့ ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် နည်းပြ အင်းနရစ်ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ သုံးဂိုးပြတ်နဲ့ နိုင်ခဲ့ပြီး သုံးဂိုးစလုံးကို အမ်ဘာပေတစ်ယောက်တည်းက သွင်းယူခဲ့တာပါ။



ဒါပေမယ့် ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ နည်းပြ အင်းနရစ်က အမ်ဘာပေရဲ့ ကစားပုံနဲ့ ပတ်သက်လို့ မပျော်ရွှင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အကြောင်းရင်းကတော့ အမ်ဘာပေတစ်ယောက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် အသင်းကို မကူညီနိုင်ခဲ့တာကြောင့်ပါ။
အင်းနရစ်က “အမ်ဘာပေ သွင်းခဲ့တဲ့ ဂိုးတွေနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ အသင်းကို အခုထက် ပိုမိုကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော် ဒီပွဲကို ပြန်ကြည့်ပြီး အရင်ဦးဆုံး သူနဲ့ စကားပြောမှာပါ။ ခင်ဗျားတို့ (သတင်းထောက်တွေ) နဲ့ ပြောမှာ မဟုတ်ပါဘူး”
“အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ သူ့ဆီက ဒီထက် ပိုမိုလိုအပ်ပါတယ်။ သူအများကြီး လုပ်ပြတာကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ မှားကောင်းမှားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အမ်ဘာပေကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားပုံမှာ လိုအပ်ချက်တွေရှိခဲ့တာကို သိခဲ့ပုံရပါတယ်။ ပွဲအပြီးမှာ အမ်ဘာပေက “ကျွန်တော် ဂိုးတွေသွင်းနေဖို့ ကစားပုံကောင်းစရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ နှစ်မျိုးစလုံး လိုချင်ပါတယ်။ ဂိုးသွင်းတာရော၊ ကစားပုံကောင်းတာရောပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က