မနေ့ကပွဲမှာ ရခဲ့တဲ့ပင်နယ်တီကို ရီစီဂျိမ်းစ်ကန်သွင်းလို့ ဝင်ခဲ့ရင် ဟက်ထရစ်ရမှာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက နယူးကာဆယ်ကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရီစီဂျိမ်းစ်ကို ပင်နယ်တီပေးမကန်ခဲ့တဲ့အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ပွဲကစားချိန် မိနစ် (၆၀) ကျော်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ ရီစီဂျိမ်းစ်ရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ဖိအားလျော့ခဲ့ရတာပါ။



ပွဲကစားချိန် (၈၁) မိနစ်မှာတော့ ချဲလ်ဆီးတို့ ဟာဗက်ဇ်ကြောင့် ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကိုတော့ ဟက်ထရစ်ရမယ့် ရီစီဂျိမ်းစ် မကန်ခဲ့ဘဲ ပုံမှန်ကန်သွင်းနေကျ ဂျော်ဂျင်ဟိုကပဲ ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရီစီဂျိမ်းစ်ကို ဟက်ထရစ်ရအောင် ပင်နယ်တီပေးမကန်ခဲ့တဲ့အပေါ် ဂျော်ဂျင်ဟိုကို မေးခွန်းထုတ်နေကြပါတယ်။

ဒီအပေါ်မှာတော့ ဂျော်ဂျင်ဟိုက “တကယ်လို့ ရီစီဂျိမ်းစ်သာ ပင်နယ်တီ ကန်ချင်တယ်လို့ တောင်းဆိုခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူက ဒီလိုမျိုးလာမပြောခဲ့ပါဘူး။ ပင်နယ်တီဝင်သွားပြီးတော့လည်း သူက ကျွန်တော်နဲ့အတူတူ အောင်ပွဲခံခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲက ရီစီဂျိမ်းစ်ရဲ့ အဖွင့်ဂိုးအပေါ်မှာလည်း ဂျော်ဂျင်ဟိုက “သူက အံ့အားသင့်ဖို့ကောင်းလောက်အောင်ပဲ ခြေထောက်နှစ်ဖက်လုံးကို အသုံးချနိုင်ပါတယ်”

“ရီစီဂျိမ်းစ်ရဲ့ ဂိုးက ကျွန်တော်တို့အတွက် အဖွင့်ဂိုးဖြစ်ခဲ့ပြီး သိပ်ကောင်းတဲ့၊ လှပတဲ့ သွင်းဂိုးတစ်ဂိုးပါ” လို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။ ရီစီဂျိမ်းစ်ဟာ လက်ရှိရာသီ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဖြစ်လာခဲ့ပြီး သူ့ကို တိုက်စစ်မှူးအဖြစ် ထားကစားသင့်တယ်လို့လည်း ပရိသတ်တွေက နောက်ပြောင် မှတ်ချက်ပြုနေကြပါတယ်။

ဒီအပေါ်မှာလည်း ချဲလ်ဆီးနည်းပြ တူချယ်လ်က “ရီစီဂျိမ်းစ်နဲ့ပတ်သက်လို့ ဂိုးကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာမလိုတော့ပါဘူး။ သူက မြင်းတစ်ကောင်လိုအားနဲ့ ကန်သွင်းတဲ့ ကစားသမားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာကြောင့် ရမှတ် (၂၅) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ မထိပ်ဆုကာဆယ်ကို အနိုင်ရရှိခဲ့တာကြောင့် ာင်းပြောကြားလိုပါတပ

Share

က္က