ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ သုံးသပ်ခဲ့ဖူးတာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးက ဟယ်ရီကိန်း ဂျာမနီမြေမှာ အထိုင်ကျဖို့ အချိန်တစ်ခု လိုအပ်မယ်လို့ ပြီးခဲ့တဲ့နွေမှာ ပြောကြားခဲ့ဖူးပါတယ်။ ဟယ်ရီကိန်းဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တာပါ။



ဒီအင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးက ဂျာမန်မြေကို ရောက်ရောက်ချင်း ဘိုင်ယန်မြူးနစ်အတွက် ဆက်တိုက် ဂိုးသွင်း ခြေစွမ်းပြနေပါတယ်။ ဒါ့အပြင် ဟက်ထရစ် (၃) ကြိမ်လည်း ရယူထားပြီး လျင်လျင်မြန်မြန်နဲ့ အထိုင်ကျခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ ပြီးခဲ့တဲ့နွေရာသီက လီဝန်ဒေါစကီးရဲ့ ဟယ်ရီကိန်းနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေက ပြန်လည်ရေပန်းစားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လီဝန်ဒေါစကီးက “ဟယ်ရီကိန်းကို ခေါ်လိုက်တာက ကြီးမားတဲ့ အပြောင်းအရွှေ့ပါပဲ။ ဘိုင်ယန်မြူးနစ်အတွက်သာမက ဘွန်ဒက်စ်လီဂါတစ်ခုလုံးအတွက်ပေါ့”
“သူက ကြီးကျယ်ခမ်းနားပြီး ထူးချွန်တဲ့ တိုက်စစ်မှူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဘွန်ဒက်စ်လီဂါက လွယ်ကူတဲ့ လိဂ်တော့ မဟုတ်ပါဘူး။ သူ အထိုင်ကျဖို့ သေချာပေါက် အချိန်တစ်ခု လိုအပ်မှာပါ။ သေချာတာတစ်ခုက ဟယ်ရီကိန်းအနေနဲ့ မြင့်မားတဲ့အဆင့်တစ်ခုမှာ ခြေစွမ်းပြနိုင်မှာဖြစ်ပြီး သူ့ရဲ့ အရည်အသွေးကိုလည်း ပြသနိုင်မှာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် (၂၁)​ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပြီး ဂိုးဖန်တီးမှုကလည်း (၇) ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ လီဝန်ဒေါစကီးရဲ့ မှန်းဆချက်တွေက မှားယွင်းနေပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။

Share

Loading Next Article...
က္က