နော်တင်ဟမ်ကိုရှုံးနိမ့်အပြီးမှာ ကွန်တီက ပြောကြားခဲ့တာပါ။

စပါးနည်းပြ ကွန်တီက သူ့အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အရမ်းအရမ်းကိုမှ ပင်ပန်းလွန်းနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကာရာဘောင်ဖလားပွဲမှာ ပွဲထွက် ကစားခဲ့ပေမယ့် ကွန်တီကတော့ သူ့ကို လူစားပြန်လဲခဲ့ပါတယ်။



စပါးကလည်း ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ကြီးကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပွဲအပြီးမှာ ကွန်တီက အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

ကွန်တီက “ဒါက ပင်ပန်းနွမ်းနယ်မှုရဲ့ ပြဿနာပါ။ ဟယ်ရီကိန်းက တော်တော်လေးကိုမှ ပင်ပန်းနေပြီး ကျနော်တို့လည်း မနေ့က အပေါ့စားလေ့ကျင့်ခန်းပဲ လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော် ဟယ်ရီကိန်းကို သူ့ရဲ့ ခွန်အားတွေ ပြန်ကာဗာဖြစ်နိုင်အောင် လူစားလဲခဲ့တာပါ။ ဟယ်ရီကိန်းအတွက် ဒီနေ့ပွဲက ခက်ခဲပါတယ်”

“ဟယ်ရီကိန်း ကစားသမားမျိုးကို ပိုင်ဆိုင်ထားချိန်မှာ သူ့ကို မကစားစေဖို့၊ အသုံးပြုဖို့ ဆုံးဖြတ်ရတာက ခက်ခဲပါတယ်။ ဒါက ပွဲပန်းမှုကြောင့်ပဲ လူစားလဲလိုက်ရပါတယ်။ ဒါပေမယ့် ပုံမှန်ကိစ္စတရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟယ်ရီကိန်းက ပွဲတိုင်း ကစားခဲ့ရတယ်လေ။ အခြားကစားသမားတွေလည်း သူတို့ ပင်ပန်းတဲ့အကြောင်း ကျနော့်ကို ပြောကောင်းပြောနိုင်ပါတယ်”

“ပွဲမကစားဘဲ အသင်းကို ကူညီနိုင်ဖို့အတွက်ပေါ့။ အချို့ဆိုရင် သူတို့က ကမ္ဘာ့ဖလားကစားရတော့မှာဖြစ်တာကြောင့် ပွဲမကန်ချင်ဘဲ တကိုယ်ကောင်းဆန်ကောင်းဆန်ချင်ကြမှာပါပဲ။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ တကယ့် လူကောင်းတယောက်ပါ။ ဟို့ချ်ဘာ့ချ်၊ ဘန်တန်ကူ၊ ပါရီဆစ်နဲ့ ဒီုင်ယာတို့လည်း အတူတူပါပဲ။ သူတို့ကလည်း စပါးအတွက် ပွဲတွေအများကြီး ကစားပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က