ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ကို ရောက်ဖို့ သတင်းထွက်နေတာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး သောမတ်စ်မူလာက ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေတဲ့ ကစားသမားပါ။



သူ့ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က ယူရိုသန်း (၇၀) နဲ့ စတင် ကမ်းလှမ်းထားပြီး ငြင်းဆန်ပယ်ချခံထားရပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ရူမင်နစ်ဂီကိုယ်တိုင်က ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် ကိုယ်တိုင်လှုပ်ရှားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

စပါးအနေနဲ့ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ သတ်မှတ်ထားပေမယ့် ပရီးမီးယားလိဂ်ပြင်ပက အသင်းကိုတော့ ဒီထက် လျော့နည်းတဲ့ စျေးနဲ့ ရောင်းထုတ်ဖွယ်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်ဘက်ကလည်း ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) ကျော်ကျော်လောက်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဒီလိုမျိုး ဟယ်ရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအကြောင်း မေးမြန်းခဲ့ရာမှာတော့ မူလာက “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပါတယ်။ ကိစ္စတစ်ခုက မပြီးပြတ်သေးသရွေ့တော့ ဒါကို ထုတ်မပြောရဘူးဆိုတာပါပဲ” လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဟယ်ရီကိန်းကို သဘောကျလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း မူလာက အခုလိုမျိုး ပြောကြားခဲ့ပါတယ်။

မူလာက “ကျွန်တော်ကတော့ ဟယ်ရီကိန်းကို မကြိုက်ဘူးဆိုတဲ့သူကို မတွေ့သေး၊ မသိသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ အသက် (၂၉) နှစ်အရွယ် ရှိနေပြီး ဂိုးသွင်းဘုရင်ဆုတွေ၊ ဂိုးသွင်းစံချိန်တွေကို ဆွတ်ခူးထားနိုင်ပေမယ့် အသင်းလိုက်အောင်မြင်မှု ဆုဖလား မရရှိဖူးတာကြောင့် စပါးကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က