ယူရို ၅၀၀ ဈေးနဲ့ စတင်ရောင်းချသွားမှာပါ

Flagship killer တန်းဝင် Poco F2 Pro ကတော့ နောက်ဆုံးပေါ် Qualcomm high-end processor ၊ All-Screen စတိုင်နဲ့ 64MP quad ကင်မရာ ပါတဲ့ 5G ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုအဖြစ် ထွက်လာတဲ့ Poco ဟာ တန်ဖိုးသင့် flagship စီးရီးတစ်ခု ဖြစ်ပြီး ပေးထားတဲ့ဈေးနဲ့ တန်တယ်လို့ ခံစားရအောင် ထုတ်ထားတာပါ။Poco F2 Pro ဟာ မျက်နှာပြင် ၆.၆၇ လက်မ FHD+ AMOLED dispaly နဲ့ လာပြီး pop-up ကင်မရာ သုံးထားပါတယ်။ Super AMOLED display ရဲ့ အောက်မှာ in-display လက်ဗွေနည်းပညာ ပါရှိပြီး Redmi K30 Pro နဲ့ အတော်လေး ဆင်တဲ့ ဒီဇိုင်းနဲ့ လာတာပါ။


Photo: Tech Crunch


Poco F2 Pro ဟာ လူငယ်စမတ်ဖုန်းဂိမ်းကစားသူတွေအကြိုက် အမိုက်စား Cooling System နဲ့ လာပါတယ်။ LiquidCool 2.0 နည်းပညာဟာ ဂရက်ဖိုက် ၊ ဂရက်ဖင်း နဲ့ Super VC အငွေ့ခံ အခန်းလို့ ခေါ်တဲ့ layer သုံးခုပါရှိတာကြောင့် ဂိမ်းဆက်တိုက်ကစားလို့ ဖုန်းပူတဲ့ ပြဿနာကို အသာလေးဖြေရှင်းနိုင်မှာပါ။ ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 865 SoC နဲ့ လာပြီး update တင်နိုင်မယ့် GPU drivers တွေ ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက တစ်လုံးလည်း ဖြစ်လို့ ဖုန်းတစ်လုံးရဲ့ သက်တမ်းကို တာရှည်ဆွဲဆန့်နိုင်မှာ ဖြစ်ပါတယ်။

chipset သစ်အပြင် Poco F2 Pro ဟာ ကင်မရာပိုင်းမှာလည်း အသစ်အဆင့်မြှင့်ထားပါတယ်။ Redmi K30 Pro စတိုင် ကျောဘက်စက်ဝိုင်းပုံကင်မရာထဲမှာ 64MP main sensor ၊ AI portrait mode ပါ 2MP depth sensor ၊ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 13MP ကင်မရာနဲ့ 5MP telemacro ကင်မရာတွေပါရှိပါတယ်။ 8K ရုပ်သံဖမ်းယူမှုကို 30fps နှုန်းအထိ ပံ့ပိုးနိုင်ပြီး ရှေ့ဘက်မှာ 20MP pop-up ကင်မရာနဲ့ လာပါတယ်။

ဘက်ထရီပါဝါဟာ 4700 mAh ဖြစ်ပြီး 30W fast charging ပံ့ပိုးထားပါတယ်။ RAM 6GB/128GB storage မော်ဒယ်ကို ယူရို ၅၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) နဲ့ RAM 8GB/256GB storage ကို ယူရို ၆၀၀ (မြန်မာငွေ ၉ သိန်းကျော်)ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က