အမိုက်စား cooling feature လည်း ပါရှိပါတယ်။

နောက်ဆုံးပေါ် Flagship features တွေ သုံးထားတဲ့ Realme GT Neo 2 ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

           Realme GT Neo 2 ဟာ Gaming Phone သီးသန့်မဟုတ်ပေမယ့် Gaming Performance ပိုင်းအတွက် အဆင့်မြှင့်တင်မှုတွေ လုပ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ GT Neo 2 ဟာ လက်ရှိ စမတ်ဖုန်းဈေးကွက်ထဲက high-end မော်ဒယ်တွေမှာ သုံးထားတဲ့ features တွေနဲ့ ပွဲထွက်လာပါတယ်။ Screen Size ၆.၆ လက်မ AMOLED panel ဟာ FHD+ resolution နဲ့ ထွက်ထားပြီး အမြင့်ဆုံး တောက်ပမှုဟာ 1300nits အထိ ရှိမယ်လို့လည်း ကြော်ငြာထားပါတယ်။




Photo: GSMArena


           ဒီဖုန်းမှာ အမြင့်ဆုံး Screen Refresh Rate ဖြစ်တဲ့ 120Hz နဲ့လာပြီး UI Menu ထဲမှာ အဆင့် ၄ မျိုးနဲ့ Refresh rate ကို ပြောင်းပေးနိုင်မှာပါ။ ထူးခြားချက်တစ်ခုက Touch Sampling Rate ဟာ အမြင့်ဆုံး 600Hz အထိ support ပေးထားတယ်ဆိုတာပါပဲ။ selfie ကင်မရာကွက်ကတော့ ဖုန်း ရှေ့ screen အ‌ပေါ်ဘယ်ထောင့်မှာ Single Punch Hole နဲ့ ထွက်ထားပါတယ်။

           ကင်မရာစွမ်းရည်အနေနဲ့ ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့အတူ 64MP wide camera ၊ 8MP ultra-wide နဲ့ 2MP macro lens ဆိုပြီး သုံးထားပါတယ်။ selfie ကင်မရာအကြောင်းတော့ ကြေညာမထားပါဘူး။ performance ပိုင်းမှာ Realme GT Neo 2 ဟာ 3.2GHz နှုန်းအထိ လုပ်ဆောင်နိုင်တဲ့ အမြင့်တန်း Snapdragon 870 SoC နဲ့လာပါတယ်။ ဒီ SoC ဟာ RAM 6/8/12GB နဲ့ 128GB/256GB UFS 3.1 storage တွေနဲ့ တွဲထားပါတယ်။

           High-Performance Gaming စွမ်းဆောင်ရည်အတွက်လည်း အမိုက်စား feature တစ်ခု ထည့်ထားပါတယ်။ အဲ့ဒါကတော့ အရွယ်အစား ၄၀μm နဲ့ ၅၀ μm အကြားရှိ ဓါတုနည်းနဲ့ ဓါတ်ခွဲခန်းကနေ ထုတ်ထားတဲ့ စိန်မှုန်လေးတွေ ပါတဲ့ Cooling Gel နည်းပညာ သုံးထားတာပါ။ အာကာသယာဉ်တွေမှာ သုံးတဲ့ စံအတိုင်း ဂရပ်ဖိုက် Sheet အပူခံပြားနဲ့ အကြီးစား စတုရန်းမီလီမီတာ ၄၁၂၉ မီလီမီတာ ရှိတဲ့ အငွေ့အအေးပေးခန်းတစ်ခုလည်း ထည့်ထားပါတယ်။ အပူချိန်ကို ၁၈ ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ချပေးနိုင်မှာ ဖြစ်လို့ အရင် Realme GT Newo ထက် စွမ်းဆောင်ရည်ပိုင်းမှာ ၂၀% အထိ ပိုကောင်းလာမှာပါ။      


Photo: Gizchina


           ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ Realme UI 2.0 နဲ့လာပြီး ဂိမ်းကစားတဲ့အခါ hardware စွမ်းဆောင်ရည်မြှင့်ပေးနိုင်မယ့် GT Mode 2.0 လည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 65W super fast charging ကြောင့် ၃၆ မိနစ်အတွင်း ဖုန်းအားအပြည့် သွင်းနိုင်မှာပါ။ အရောင်အနေနဲ့ Black Mint ၊ Blue Gradient နဲ့ Plain Black သုံးရောင်နဲ့ လာပါတယ်။

           RAM8/128GB storage ကို ၂၃၉၉ ယွမ် (မြန်မာငွေ ၇ သိန်းနီးပါး) ဈေးကနေ အမြင့်ဆုံး RRAM 12/256GB ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က