ကိုယ်ပိုင်ဟန်နဲ့လာတာပါ

Meizu ရဲ့ နောက်ဆုံးပေါ် flagship မော်ဒယ် Meizu 16s ကတော့ စိတ်ဝင်စားစရာဈေးနှုန်းနဲ့ထွက်လာတဲ့ ပရီမီယံဖုန်းလို့ဆိုရမှာပါ။

Photo: GSMArena



         ဈေးကွက်မှာ notch နဲ့punch hole တွေကို ပုံစံမျိုးစံနဲ့သုံးထားတဲ့ ဖုန်းတွေ ထွက်နေချိန် Meizu 16s ဟာ bezel တွေကို ပါးနိုင်သလောက် ပါးထားတဲ့ display ပုံစံကို သုံးသွားတာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာက Snapdragon 855 processor သုံးတဲ့ high-end ဖုန်းတွေထဲမှာ ဒီဖုန်းဟာ ဈေးအနည်းဆုံးပါ။ Galaxy S10 စီးရီးမှာ Samsung ဟာ Snapdragon 855 SoC ကို စပြီး သုံးခဲ့ပေမယ့် ဈေးအနည်းဆုံးမော်ဒယ် Galaxy S10e တောင်မှ ဒေါ်လာ ၇၅၀ ဈေးကနေ စတင်ခဲ့တာဖြစ်ပြီး Meizu 16s ကတော့ Galaxy S10e ဈေးရဲ့ သုံးပုံ နှစ်ပုံပဲ ရှိခဲ့ပါတယ်။

         မျက်နှာပြင် ၆.၂ လက်အရွယ် Meizu 16s ဟာ Samsung ထုတ် အရည်အသွေးမြင့် FHD+ Super AMOLED screen နဲ့လာပြီး လက်ဗွေစနစ်ကို ဖုန်းမှန်ပြင်အောက်မှာ ထည့်ထားပါတယ်။ ဖုန်းကြာကြာ သုံးစွဲသူရဲ့ မျက်လုံး မထိခိုက်စေဖို့ဒီ display မှာ အန္တရာယ်မြင့်တဲ့ blue light ရဲ့ ၃၃% ကို လျှော့ချနိုင်ပြီး မျက်စိဒဏ်မဖြစ်စေဖို့DC Dimming စနစ်လည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

         Snapdragon 855 processor နဲ့အတူ Meizu 16s ဟာ RAM 6GB နဲ့8GB ဗားရှင်း နှစ်မျိုး သုံးထားပြီး storage ကိုလည်း 128GB နဲ့256GB ဆိုပြီး နှစ်မျိုးလာပါတယ်။ 256GB storage မော်ဒယ်ကတော့ တရုတ်ဈေးကွက်မှာပဲ ဖြန့်မယ့် မော်ဒယ်ဖြစ်ပြီး ဒီဖုန်းမှာ နောက်ထပ် အပို storage တိုးဖို့microSD card မပါတော့ပါဘူး။ Meizu ဟာ ဒီဖုန်းမှာ စမတ်ဖုန်းနဲ့ဂိမ်းကစားသူတွေအတွက် ဘက်ထရီပါဝါ အစားသက်သာပြီး ဂရပ်ဖစ်လုပ်ဆောင်ချက် သွက်လက်စေမယ့် Hyper Gaming Mode သစ် သုံးထားပါတယ်။

         ကင်မရာပိုင်းမှာ ကျောဘက် dual cameras တွေ သုံးထားတယ်ဆိုပေမယ့် စိတ်ဝင်စားစရာက Sony IMX586 sensor ပါတဲ့ 48MP နဲ့အတူ 3x zoom ဆွဲနိုင်မယ့့် 20MP အရန်ကင်မရာကို သုံးထားပါတယ်။ 48MP main camera မှာ OIS ရုပ်ငြိမ်စနစ်ပါလာတာကလည်း စိတ်လှုပ်ရှားစရာပါ။ ဒီကင်မရာမျိုးကို အစောဆုံး သုံးခဲ့တဲ့ Honor View 20 နဲ့Redmi Note 7 Pro တို့မှာ OIS မပါပါဘူး။

Photo: CNET

         ကင်မရာစနစ်အနေနဲ့အလင်းအားနည်းနေတုန်း ရိုက်လိုက်တဲ့ ပုံတွေမှာ ရုပ်ထွက်ကောင်းစေဖို့ဓါတ်ပုံ ၈ ပုံကို တစ်ပုံတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Super Night Scene mode ၊ AI နည်းပညာနဲ့မြင်ကွင်းသိမှတ်မှု နဲ့ArcSoft Beauty Modeသုံးနိုင်မယ့် 20MP ဆယ်လ်ဖီကင်မရာတို့သုံးထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကင်မရာ feature တစ်ခုက ဓါတ်ပုံတွေအများကြီး ဆက်တိုက်ရိုက်နေချိန်မှာ ပုံထွက်ကောင်းအောင် လုပ်ပေးမယ့်multi-frame noise reduction လုပ်တဲ့ စနစ်ပါ။

         စတီရီယိုစပီကာစနစ်တွေနဲ့လာတဲ့ ဒီဖုန်းဟာ 24W fast charging ရတဲ့ 3600 mAh ဘက်ထရီ ပါရှိပါတယ်။ Meizu 16s ရဲ့ အားသွင်းစနစ်ဟာ နာရီဝက်အတွင်း ဘက်ထရီ Level ၆၀% အထိ တက်လာစေမယ်လို့ဆိုပါတယ်။ ချိတ်ဆက်မှုအနေနဲ့Dual Frequency GPS ၊ Bluetooth 5.0 စနစ်နဲ့NFC စနစ်တွေ သုံးနိုင်မှာ ဖြစ်ပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android Pie ကို အခြေခံထာားတဲ့ Flyme 7.3 စနစ်နဲ့လာပါတယ်။

         ကာဘွန်အနက်ရောင် ၊ ပုလဲဖြူရောင်နဲ့အပြာရောင်ကာလာတွေနဲ့ထွက်လာတဲ့ ဒီဖုန်းဟာ RAM 6GB/128GB storage ၊ RAM 8GB/128GB storage နဲ့RAM 8GB/256GB Storage ဗားရှင်း ၃ မျိုးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဈေးကိုတော့ upper mid-range ဈေးဖြစ်တဲ့ ၃၁၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ၊ ၃၄၉၈ ယွမ် (မြန်မာငွေ ၈ သိန်းခန့်) နဲ့၃၉၉၈ ယွမ် (မြန်မာငွေ ၉ သိန်း ၁ သောင်းကျော်) ဈေးနဲ့ဧပြီ ၂၈ ရက်နေ့မှာ ဈေးကွက်ထဲ ရောက်လာမှာပါ။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က