ခွေးသားဟင်းလျာတွေကို ဟနွိုင်းမြို့တော်တစ်ဝှမ်းရှိ ဈေးနဲ့စားသောက်ဆိုင်တွေမှာ တွေ့မြင်နိုင်ပါတယ်။

ဗီယက်နိုင်ငံ ဟနွိုင်းမြို့မှာ အာဏာပိုင်တွေက မြို့ခံတွေကို ခွေးသားစားမှုလျှော့ချကြရန် စက်တင်ဘာ ၁၁ ရက်နေ့က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဟနွိုင်းမှာ လူကြိုက်များတဲ့ ခွေးသားဟင်းလျာဟာ မြို့ရဲ့ပုံရိပ်ကို ကျဆင်းစေပြီး ခွေးရူးရောဂါ ပျံ့နှံ့နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အာဏာပိုင်တွေက အခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP/Hoang Dinh Nam)



ခွေးသားကင်၊ ခွေးသားချက် သို့မဟုတ် ခွေးသားပေါင်း ဟင်းလျာကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တစ်ဝှမ်းရှိ ဈေးတွေနဲ့ စားသောက်ဆိုင်တွေမှာ တွေ့မြင်နိုင်ပြီး ဟနွိုင်းရဲ့ street food ခေါ် လမ်းဘေးစာအဖြစ် ထင်ရှားပါတယ်။

ဗီယက်နမ်မှာ ခွေးသားကို ဆန်အရက် သို့မဟုတ် ဘီယာဖြင့် တွဲဖက်စားကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်အာဏာပိုင်တွေက ကြောင်သားစားခြင်းကိုလည်း ရပ်တန့်ကြရန် တိုက်တွန်းခဲ့ပါတယ်။ ဗီယက်နမ်မှာ ကြောင်သားဟာ ခွေးသားကဲ့သို့ လူကြိုက်မများပေမဲ့ ကျေးလက်ဒေသတွေမှာ ဟင်းလျားအဖြစ် ရရှိနိုင်ကြောင်း သိရပါတယ်။

(Photo: AFP/Hoang Dinh Nam)



ဟနွိုင်းအာဏာပိုင်တွေက ထိုသို့သော အသားများ စားသုံးကြတဲ့ အလေ့အထကို ဖြည်းဖြည်းချင်း ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ခေတ်မီတိုးတက်နေတဲ့ မြို့ပြနေရာတစ်ခုမှာ အိမ်မွေးတိရိစ္ဆာန်တွေကို စားသုံးနေကြခြင်းက နိုင်ငံခြားသားများကြားမှာ ဟနွိုင်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းနေတဲ့ ကိစ္စတစ်ခုဖြစ်နေကြောင်း တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

"ခွေးနဲ့ကြောင်သားတွေကို ရောင်းဝယ်တာ၊ သတ်ဖြတ်တာနဲ့ စားသုံးကြတာကို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နိုင်ငံရပ်ခြားကနေ ဟနွိုင်းမှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ကြသူတွေက  မနှစ်မြို့တဲ့ တုံ့ပြန်မှုတွေရခဲ့တယ်" လို့လည်း ဟနွိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Photo: 123RTF/milosk



ဟနွိုင်းမြို့မှာ ခွေးနဲ့ကြောင် အရေအတွက် ၄၉၃,၀၀၀ ဝန်းကျင်ရှိနေပြီး အများစုဟာ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားကြတာ ဖြစ်ပါတယ်။ ဟနွိုင်းမှာ အဆိုပါ တိရိစ္ဆာန်အသားများ ရောင်းချနေတဲ့ဆိုင် ၁,၀၀၀ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

ယခုနှစ်စမှ လက်ရှိအချိန်ထိ ဟနွိုင်းမြို့မှာ ခွေးရူးပြန်ရောဂါကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ခွေးရူးပြန်ရောဂါဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ အစိုးရကထုတ်ပြန်ထားတဲ့ ကိန်ဂဏန်းတွေအရ သိရှိရပါတယ်။

Photo: Getty Images



ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့ဟာ pho ခေါက်ဆွဲပြုတ်နဲ့ pate banh mi အသားညှပ်ပေါင်မုန့်ကဲ့သို့ အဓိက လမ်းဘေးစာတွေကြောင့် ကမ္ဘာတစ်ဝှမ်း ပါရီမြို့ကနေ ပစ်ဘတ်ဂ်မြို့အထိတိုင် ထင်ရှားကျော်ကြားပါတယ်။ ဒါ့အပြင် ဟနွိုင်းမြို့ဟာ အထူးအဆန်းဟင်းလျာ စားလိုသူတွေအတွက်လည်း ဖားသားကြော်၊ ဘဲသန္ဓေသားချက် သို့မဟုတ် ပင်လယ်လိပ်ဟော့ပေါ့ကဲ့သို့ အစားအစာတွေကို မြည်းစမ်းနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က