တစ်‌ရက်ကို ၄ သိန်းကျပ်ဖိုး‌လောက် ရောင်းရပါတယ်။

ထမင်းကြော်ဆိုင်တွေ အများကြီးရှိတဲ့ သမိုင်းလမ်းဆုံ လိုနေရာမျိုးမှာ ကိုချစ်စရာရဲ့ ဆိုင်လေးကတော့ ဈေးနှုန်း သင့်တင့်တဲ့အတွက် စားသုံးသူတွေ များပြားပါတယ် ။ ဟင်းအမျိုးပေါင်း(၂၀)ကျော် နဲ့ ထမင်း ကြော် သာမက လက်ဖက်ရည်ကိုပါ တွဲဖက်‌ပြီး ရောင်းချနေတဲ့ ဆိုင်‌တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။(၁၁)နှစ်ကျော်နီးနီး သက်တမ်း ရှိနေပြီဖြစ်တဲ့ ဒီဆိုင်လေးကတော့ ဆိုင်နာမည် မရှိပေမယ့်လည်း ကိုချစ်စရာ ထမင်းကြော်ဆိုင် ဆိုရင်တော့ သမိုင်းလမ်းဆုံမှာ မသိသူမရှိပါဘူး။



၀န်ထမ်း ဘ၀ကိုစွန့်ခဲ့သူ

ထမင်းကြော်ဆိုင် မဖွင့်ခင်ကတော့ "ကောင်းကောင်းလေး"ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ အဖျော်ဆရာတစ်ယောက် အနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ကိုချစ်စရာက သူ့ရဲ့ ဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး ဒီဆိုင်လေးကို ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။“ဆိုင်ဖွင့်တာ (၁၀)နှစ်၊(၁၁)နှစ်လောက်တော့ ရှိပြီ။ သူများအလုပ် တွေကိုတော့အကြာကြီးလုပ်လာတာပေါ့။ကိုယ်ပိုင်အလုပ်ကတော့ ပိုပျော်တာပေါ့။”လို့ ဆိုင်ရှင် ကိုချစ်စရာက ပြောပါတယ်။

ဆိုင်ရဲ့ထူးခြားချက်

ဒီဆိုင်လေးရဲ့ အားသာချက်ကတော့ လေကောင်းလေသန့်ကို တ၀ကြီး ခံစားရင်း ဈေးနှုန်းချိုချိုနဲ့ ညစာ စားနိုင်တာ ပဲဖြစ်ပါတယ်။လက်ဖက်ရည် ကြိုက်တတ်တဲ့ သူတွေအတွက် ဆိုရင်လည်း ထမင်းကြော် နဲ့အတူ လက်ဖက်ရည် ကိုပါ တွဲရောင်းပေးထားလို့ အကြိုက်တွေ့ကြတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။

တစ်နေ့ရောင်းအား

ရောင်းအားအနေနဲ့ တစ်‌ရက်ကို ၄ သိန်းကျပ်ဖိုး‌လောက် ရောင်းရတယ် လို့ ဆိုင်ရှင်က ပြောပါတယ်။ ဆိုင်က ရောင်းကောင်းပေမယ့် မိခင်က ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် မိခင်ဆေးစရိတ်ကို ရှာဖွေနေရတာမို့ စုမိဆောင်းမိတော့သိပ်မရှိဘူးလို့ ကိုချစ်စရာကပြောပါတယ်။ ဆိုင်ရဲ့၀င်ငွေနဲ့ ညီမလေးရဲ့ ကျောင်းစားရိတ်ကို ထောက်ပံ့ ပေးခဲ့နိုင်ပြီး မိသားစုအတွက် စား၀တ်နေရေး ကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ဈေးနှုန်းတွေက

ကြက်ပေါင်း၊၀က်သား နဲ့ ငါးသလောက်ပေါင်းတို့က‌ ဒီ ဆိုင်ရဲ့ လူကြိုက်အများဆုံးဟင်းတွေ ဖြစ်ပြီး ဝက်သားဆိုရင် တစ်နေ့ကို ကို ၄ပိသာလောက်ကုန်တယ်လို့သိရပါတယ်။ ငါးသလောက်ပေါင်း တစ်ပွဲကို (၆၅၀၀) ဖြစ်ပြီး ဒီဆိုင်ရဲ့ဈေးအများဆုံးဟင်း ဟင်းတစ်ပွဲ ဖြစ်ပါတယ်။အသားဟင်းတွေကတော့ တစ်ပွဲကို (၄၀၀၀)ကျပ်ဖြစ်ပြီး အရံဟင်းတွေကတစ်ပွဲ (၇၀၀)ကျပ်‌နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ လက်ဖက်ရည် ကတော့ တစ်ခွက်ကို (၁၅၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

လိပ်စာ

ဆိုင်ကပိတ်ရက်မရှိ ဖွင့်တာဖြစ်ပြီး ညနေ ၅ နာရီ လောက် ကနေ ဆိုင်စခင်းပြီး ရောင်းချပေးနေတာဖြစ်တဲ့အတွက် သွားရောက်၀ယ်ယူအားပေးချင်တဲ့သူတွေအတွက် သမိုင်းလမ်းဆုံ၊ ဟွန်ဒိုင်းကားshowroom ဘေးက ဆိုင်လေး ဖြစ်တဲ့ ကိုချစ်စရာ ရဲ့ ထမင်းကြော်ဆိုင်လေးကိုလမ်းညွှန်ပေးလိုက်ပါတယ်ရှင့်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က