တစ်နေ့ကို ဆန် (၃)အိတ်လောက် ကုန်အောင်ရောင်းရပြီး ဟင်းအမျိုးပေါင်း(၆၀)နီးပါးရှိပါတယ်။

အဆောင်နေသူတွေ၊ ဝန်ထမ်းတွေအတွက် အားထားရတဲ့ "လှည်းတန်းမိသားစု" ထမင်းဆိုင်မှာ ငါးကြော်(၁၀)မျိုး၊ အသားဟင်း(၁၀)မျိုးနဲ့ အရွက်ကြော်(၃၀)ကျော်လောက် ချက်ရောင်းတာကြောင့် ဟင်းအမျိုးပေါင်း(၆၀)နီးပါးရှိပါတယ်။ 



ဆိုင်လေး စဖွင့်ဖြစ်ပုံ

‌ဟင်းပေါင်း အမျိုး (၆၀) လောက်ကို လှည်းတန်းလို နေရာမျိုးမှာ စျေးနူန်းသက်သက်သာသာနဲ့ ဖွင့်လှစ် ရောင်းချဖို့အတွက် ရည်ရွယ်ချက်ရရှိခဲ့တာကတော့ များသောအားဖြင့် အဆောင်နေထိုင်သူ အဆောင်သူ၊ အဆောင်သားတွေ အနေနဲ့ အဆောင်မှာ ဟင်းတွေ၊ ထမင်းတွေ ချက်ပြုတ်စားသောက်လို့မရနိုင်တဲ့ သူတွေနဲ့ အလုပ်ကို မနက်ထမင်းချိုင့် ထည့်သွားချင်ကြတဲ့ ဝန်ထမ်းလေးတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စုံလင်လှတဲ့ ဟင်းလျာများ

ဒီဆိုင်လေးမှာဆိုရင် ငါးနဲ့ပတ်သက်တဲ့ ဟင်းလျာကိုပဲ (၁၀) မျိုး၊ အသားဟင်း အနေနဲ့ (၁၀) မျိုး၊ အရွက်ကြော်ဟင်း အနေနဲ့ အမျိုး (၃၀) လောက်ကို ရွေးချယ် သုံးဆောင်နိုင်တာကြောင့် အတော်ကို စုံစုံလင်လင်လည်း ရှိလှပါတယ်။ တစ်နေ့ကို ဆန် (၃) အိတ်လောက် ကုန်တဲ့အထိ ချက်ပြုတ်ရောင်းချရတဲ့အပြင် အချိန်အားဖြင့်လည်း မနက် (၅) နာရီကနေ ည (၈) နာရီဖွင့်လှစ်ရောင်းချပါတယ်။ 

 ဖွင့်လှစ် ရောင်းချခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဒီဆိုင်လေး

ဆိုင်ကို ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းအားဖြင့်ဆိုရင်လည်း (၆) နှစ်ကျော် (၇) နှစ် နီးပါးရှိပြီဖြစ်သလို၊ လှည်းတန်းစျေး တစ်ဝိုက်နေထိုင်သူတွေအများစုကတော့ ဒီဆိုင်လေးမှာ ဝယ်ယူ စားသောက်ရင်းနဲ့ အားထားနေကြတယ်လို့လည်း သိရပါတယ်။ အရင်ကတော့ ဆိုင်ခန်း အသေးနဲ့ ဖွင့်လှစ်ရောင်းချခဲ့ပေမယ့် လက်ရှိမှာတော့ ဆိုင်ခန်းအကြီးအနေနဲ့ တိုးချဲ့ ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။

စျေးနူန်းလေး

ပဲကုလားဟင်းဆိုရင်လည်း အနည်းဆုံး (၅၀၀) ဖိုးကစပြီးရောင်းချပေးတာလည်း ဖြစ်သလို၊ တို့စရာအပြင် ငပိရည်၊ ငပိချက်တို့ကိုလည်း ဝယ်ယူသုံးဆောင်နိုင်ပါတယ်။ ဒါ့အပြင် ဟင်းပွဲတွေကိုလည်း ဝယ်ယူသူအားလုံး အဆင်ပြေစေဖို့အတွက် အနိမ့်ဆုံး (၅၀၀)၊ (၈၀၀)၊ (၁၀၀၀) စတဲ့ အတတ်နိုင်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာမို့လို့ တကယ့်ကို စေတနာပါပါ ရောင်းချတဲ့ဆိုင်လေးအဖြစ်လည်း ဖော်ပြပေးလိုက်ပါတယ်။ 


ဆိုင်လိပ်စာ

သွားရောက် သုံးဆောင်ချင်သူတွေအတွက် ဆိုင်လိပ်စာလေးကတော့ .. အမှတ်(၂၇) ပေ(၅၀) လမ်းမပေါ်၊ ကမာရွတ် လှည်းတန်းဈေးအလယ်နားမှာပဲ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က