''ရင်ခွင်ရှင်းတမ်း'' လို့ နာမည်ပေးခဲ့ပါတယ်။

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်သရုပ်ဆောင် များစွာတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ. ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီက မနက်ဖြန်(ဇန်နဝါရီလ ၁၀) ရက်နေ့က စပြီး ရိုက်ကူးသွားမယ်လို့ဆိုပါတယ်.

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ကန်တော့ခဲ့ကြတာဖြစ်ပြီး M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ်ချစ် အနုပညာရှင်တွေ အများကြီး ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကား မှာတော့ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံနဲ့ မအေးသောင်းတို့က ''ရတနာပုံ'' ဇာတ်လမ်းတွဲ ရိုက်ကူးပြီးခဲ့တဲ့ နောက်မှာတော့ ဒုတိယအကြိမ် မြောက် ပြန်လည်ဆုံတွေ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.



 ''ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်လာတဲ့ သရုပ်ဆောင် ဟိန်းဝေယံ ကလည်း အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမယ့် အကြောင်းတွေ ပြောပြလာပါတယ်။

'' ဒီဇာတ်လမ်းတွဲမှာဆိုရင် ကိုသားညီရော၊ မအေးသောင်းနဲ့ ရော ဒုတိယအကြိမ်မြောက် ပြန်တွဲရိုက်ခဲ့တာဖြစ်ပါတယ်။ အရင် တုန်းက ''ရတနာပုံ'' ဇာတ်လမ်းတွဲလည်း အတူတူ ရိုက်ခဲ့ဖူးကြပါသေးတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာအစ စက်အဖွဲ့ အဆုံး အားလုံး ကြိုးစား ရိုက်ကူးသွားမှာဖြစ်လို့ ပရိသတ်တွေလည်း အားပေးကြပါ'' လို့ သူကဆိုပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲကို တာဝန်ယူ ရိုက်ကူးသွားမယ့် ဒါရိုက်တာဖြစ်သူ သားညီကလည်း မနက်ဖြန်ကစပြီး ဇာတ်လမ်းတွဲ ကို ပုံဖော်တော့မယ် ဆိုတာကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်က ''ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ ပွဲမှာ ပြောပြထားပါတယ်။

'' ဇာတ်လမ်းတွဲ အပိုင်းကတော့ ၁၈ ပိုင်းပါ။ ကျွန်တော်တို့ မနက်ဖြန် စရိုက်မှာပါ။ မနက်ဖြန်(ဇန်နဝါဂီလ ၁၀)ရက်နေ့ ကနေ စပြီးတော့ ဖေဖော်ဝါရီလကုန် အထိ ရိုက်ကူးသွားမှာပါ။ နေရာကတော့ ရန်ကုန်ရယ်၊ နောက်ထပ် နယ်မြို့ တစ်မြို့ပေါ့နော်။ ဘယ်နေရာဖြစ်မလဲဆိုတာတော့ ရွေးချယ်နေတုန်းပါ။ အဓိက ကတော့ ရန်ကုန်မှာပဲ ရိုက်မှာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲကို 7 Sense Production က ထုတ်လုပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဟိန်းဝေယံ၊ အုပ်သာကျော်၊ ငြိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုး၊ ခေးလရောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က