ဒီနေ့မှာ အယောက် (၅၀၀)စာအတွက်စတင်ရောင်းချပေးခဲ့တာပါ။

ဒလမြို့နယ်မှာ အခြေခံလူတန်းစားတွေ အတွက် ပထမဆုံး ကျပ် ၂၀၀ တန်ဟင်းကို ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မှာရောင်းချပေးခဲ့ပါတယ်။ 

ကျပ် ၂၀၀ တန်ဟင်းမှာ ဘဲဥကုလားဟင်း နဲ့ အရွက်ကြော် ပါဝင်ပြီးတော့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ၁၀ နာရီကစပြီးတော့ ဒလမြို့နယ် ဆရာစံ(၃)လမ်း စက်မြေရပ်ကွက်မှာရောင်းချပေးခဲ့တာဖြစ်ပါတယ်။ 

" ဒလမှာက မရှိတဲ့သူများတယ်၊ အစ်မတို့ကလည်းအောက်ခြေကနေ ထမင်းတစ်နပ်စားဖို့ ခက်ခဲတဲ့ဘဝကနေတက်လာတာမို့ ကိုယ်ချင်းစာတယ်။ ဒါကြောင့် ဒီအလှူလေးလုပ်ဖြစ်တာပါ။ အစ်မတတ်နိုင်သလောက်လေး မရှိတဲ့သူတွေကို ကူညီပေးရုံပါ " လို့ ၂၀၀ တန်ဟင်း ရောင်းချပေးတဲ့ မမြတ်သူဇာထွန်း က ပြောပါတယ်။ 

ကျပ် ၂၀၀ တန်ဟင်းကိုတော့ ကိုယ်ထူကိုယ်ထရောင်းချတာဖြစ်ပြီးတော့ ‌အလှူရှင်တွေ ဝန်းရံပေးရင်တော့ ရေရှည်လှူမှာဖြစ်ပြီးတော့ အလှူရှင်မရှိလည်း တတ်နိုင်သလောက်လှူဒါန်းသွားမယ် လို့ သိရပါတယ်။ 

ဒီနေ့(ဒီဇင်ဘာ ၁၅) ရက်နေ့မှာတော့ အယောက် ၅၀၀ စာအတွက်ရောင်းချပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုချိန်မှာတော့ ရန်ကုန်အပြင် အခြားမြို့နယ်တွေမှာလည်း ကျပ် ၅၀၀ တန်ထမင်းဟင်းကို အခြေခံလူတန်းစားတွေအတွက် ရောင်းချမှုတွေ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Share

က္က