အခြေခံလူတန်းစားတွေကို အထောက်ပံဖြစ်စေဖို့ ကျပ် ၂၀၀ တန်ဟင်းရောင်းချမယ့်အပြင် ငါးကြင်းတစ်ကောင် ကျပ်တစ်ထောင်နဲ့ပါ ရောင်းချသွားမယ် လို့ စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း က သိရပါတယ်။
ကျပ် ၂၀၀ တန် ဟင်းတစ်ပွဲမှာတေ့ာ ဘဲဥတစ်လုံးနဲ့ သီးစုံပဲကုလားဟင်း ပါမှာဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ငါးကြင်းတစ်ကောင် ကျပ် တစ်ထောင် နဲ့ ရန်ကုန် ဒဂုံအရှေ့ ၇/၈ ဂိတ်ဟောင်းလမ်းဆုံ၊ ငထွေးရူးလမ်းမကြီး သူထက်စံ မုန်ဟင်းခါးဆိုင် နေရာမှာ ရောင်းချပေးသွားမှာလို့ စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း အတွင်းရေးမှူး ကိုဝေဖြိုးအောင် ကပြောပါတယ်။
ဓာတ်ပုံ - စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း
"ငါးကတော့ အကောင်လိုက်ဝယ်ထားတော့ အကောင် အကြီးအသေးပါမယ်။ လာမယ့်တနင်္ဂနွေနေ့ မနက်မှာ ရောင်းပေးမှာပါ။ ပုံမှန် ကျပ် ၂၀၀ တန်ဟင်းကို စနေနေ့မှာရောင်းပေးသွားမယ်။ လှူတဲ့သဘောပါပဲ။ အလှူရှင်တွေရဲ့ ထောက်ပံမှုနဲ့ အခုလိုရောင်းတာတွေ ဆက်လုပ်သွားဖို့လည်းရှိတယ် " လို့ ကိုဝေဖြိုးအောင်က ပြောပါတယ်။
ဓာတ်ပုံ - စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း
ကျပ် ၂၀၀တန်ဟင်းကိုတော့ ဒီဇင်ဘာ ၃ရက် နဲ့ ၄ ရက်နေ့ကရောင်းချခဲ့ပြီးတော့ လူ ၃၀၀ကျော်လောက်လာရောက်ဝယ်ယူခဲ့တယ် လို့ သိရပါတယ်။
"ကျပ် ၂၀၀ တန်ဟင်းလည်းရှိတယ်။ ကျပ် ၅၀၀ တန်ထမင်းဟင်းလည်း ဒဂုံအရှေ့ မှာရောင်းနေတယ်။ ကောင်းပါတယ်။ အခြေခံလူတန်းစားတွေအတွက် တစ်နပ်စာ သက်သာတယ် ဆိုတာလည်း အထောက်အကူဖြစ်ပါတယ်။" လို့ ဒဂုံအရှေ့ ၁၃၃ ရပ်ကွက် မှာ နေထိုင်တဲ့ ကိုရဲ က ပြောပါတယ်။
အခု ချိန်မှာတော့ ရန်ကုန်အပြင် အခြားမြို့နယ်တွေမှာလည်း ကျပ် ၅၀၀ တန်ထမင်းဟင်းကို အခြေခံလူတန်းစားတွေအတွက် ရောင်းချမှုတွေ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ပိုင်ထက်ပေးပို့ထားသောသတင်းဖြစ်ပါသည်။