ဇာတ်ကား အတူတူရိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။

ဖူးပွင့်သခင်ဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဟိန်းဝေယံနဲ့ အတူတွဲပြီး အလုပ်တွေ အတူတူ လုပ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ 

ဖူးပွင့်သခင်ကတော့ အသက်(၁၆) နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တာလို့ သိရပါတယ်။ သူမဟာ ဗီဒီယို ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ အချိန်မှာ စီနီယာအနုပညာရှင်ဖြစ်တဲ့ ဟိန်းဝေယံနဲ့ စတင်တွေ့ဆုံခဲ့တဲ့ အမှတ်တရတွေကို Duwun ကနေ ပြောပြလာပါတယ်။ 



“ ဇာတ်ကားအတူတူစရိုက်တုန်းကဆိုရင် ရှိန်တာတွေ ဘာတွေ မရှိဘူး။ အစ်ကိုအရင်းတစ်ယောက်နဲ့ ဆုံသလိုမျိုး ရင်းရင်းနှီးနှီး ခံစားရတယ်။ ဖူး အစ်ကိုနဲ့ ဇာတ်ကား စရိုက်တုန်းက အသက်(၁၆) နှစ်ပဲရှိသေးတာ။ ရိုက်ကွင်းမှာ စဆုံတော့လည်း အစ်ကိုက ချေတာမျိုးမရှိဘူး။ စတယ်၊ နောက်တယ်၊ အဲဒီလိုပဲ အမြဲနေတတ်တဲ့လူမျိုးပါ" လို့ သူကဆိုပါတယ်။ 

ဖူးပွင့်သခင် အနေနဲ့ စီနီယာ အနုပညာရှင်တွေထဲကမှ ဟိန်းဝေယံရဲ့ စိတ်နေစိတ်ထားကို အခုလို ပြောပြလာပါတယ်။ ဂျူနီယာတွေ ဖြစ်ချင်တာကို ဦးစားပေးတတ်သူတစ်ယောက်ဖြစ်တယ်လို့ Aroma Photo Shooting မှာ ဖြေဆိုခဲ့တာပါ။ 

“ အစ်ကိုက အနေအေးတဲ့ လူတစ်ယောက်ပါ။ ဆက်ဆံရေးလည်းကောင်းတယ်။ အားလုံးနဲ့လည်း အဆင်ပြေအောင်နေတတ်တယ်။ ဗီဒီယိုတွေ တုန်းကဆိုရင် ဖူးနဲ့ အစ်ကိုနဲ့ ဇာတ်ကား တော်တော်များများ အတူတူရိုက်ဖြစ်တယ်။ အစ်ကိုက စီနီယာတစ်ယောက်ဆိုပေမယ့် ဂျူနီယာတွေ အပေါ် အရမ်းညှာတယ်။ တကယ်ကို လက်တွဲခေါ်တယ်၊ သင်ပေးတယ်။ ကိုယ်ဖြစ်ချင်တာကို ဦးစားပေးတတ်တဲ့သူမျိုးပါ” လို့ သူကဆိုပါတယ်။ 

ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။ အရပ်လည်းမြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က