လင်ဂတ်ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ယနေ့ည ၈ နာရီ ၃၅ မိနစ်အချိန်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ လိုရီဟိုတယ်ကို ရောက်ရှိလာတဲ့ မန်ယူအသင်းသားတွေထဲမှာ လင်ဂတ်ကို မြင်တွေ့ခဲ့ရပြီး မာရှယ်နဲ့ မာတစ်တို့ ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ထုံးစံအတိုင်း အိုးထရက်ဖို့ဒ်မှာ ကစားမယ့် အိမ်ကွင်းပွဲစဉ်မတိုင်မီ လိုရီဟိုတယ်မှာ တည်းခိုလေ့ရှိပြီး Manchester Evening News ဟာ လိုရီဟိုတယ်ကို ရောက်ရှိလာတဲ့ မန်ယူအသင်းသားတွေရဲ့ဓာတ်ပုံကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဟိုတယ်ကို ရောက်ရှိလာတဲ့အသင်းသားတွေထဲမှာ အန်သိုနီမာရှယ်ကို မြင်တွေ့ခဲ့ရခြင်းမရှိဘဲ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ထပ်မံလွဲချော်မယ်လို့ ယုံကြည်ရပါတယ်။ မာရှယ်ဟာ ပြီးခဲ့တဲ့ ချယ်ဆီးအသင်းနဲ့အက်ဖ်အေဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး လီဗာပူးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေတယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

စနေနေ့မှာ ဟိုတယ်ကို ရောက်ရှိလာတဲ့ ကစားသမားတွေထဲမှာလည်း အားထားရတဲ့ ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကိုလည်း မြင်တွေ့ခဲ့ရခြင်းမရှိဘူးလို့ သိရပါတယ်။ မာတစ်ဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ လင်ဂတ်ကိုတော့ မန်ယူအသင်းလူစာရင်းနဲ့အတူ မြင်တွေ့ခဲ့ရပြီး ယနေ့ညပွဲစဉ်မှာ ပွဲထွက်ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

စနေနေ့က မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်း

ဂိုး- ဒီဂီယာ၊ ရိုမီယို၊ လီဂရန့်။

နောက်တန်း- ဒါလော့၊ စမောလင်း၊ လင်ဒီလော့ဖ်၊ ဘိုင်လီ၊ ရိုဟို၊ လုခ်ရှော၊ အက်ရှ်လေယန်း။

အလယ်တန်း- ဖရက်ဒ်၊ မက်တွန်မ်နေး၊ ဟာရဲရား၊ ပေါ့ဂ်ဘာ၊ ပါရဲရား၊ မာတာ။

ရှေ့တန်း- ဆန်းချက်ဇ်၊ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်၊ လူကာကူ။


ဆက်စပ်အကြောင်းအရာများ

Share

က္က