သေဆုံးသူရဲ့ ဦးခေါင်းမှာဒဏ်ရာအနည်းငယ်တွေ့ရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားက မန္တလေးမြို့နေ အသက်(၅၀)အရွယ် ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဟိုတယ်ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ တည်းခိုတဲ့ အခန်းထဲမှာ အမောဖောက် သေဆုံးခဲ့တာပါ။

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် (၇၇)လမ်းရှိ ဟိုတယ်တစ်ခုမှာ ဟိုတယ်ခန်းအတွင်းအမောဖောက်သေဆုံးခဲ့တဲ့ အမျိုးသားအလောင်းကို ခွဲစိတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့မရဲစခန်းမှသိရပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက်(၅၀)အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အသက်(၂၀)အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ လာရောက်တည်းခိုနေထိုင်ရာမှာ အမောဖောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာတွေက သွားရောက်စစ်ဆေးတဲ့အခါမှာ အဆိုပါအမျိုးသားရဲ့ ဦးခေါင်းမှာ အနည်းငယ်ပွန်းပြီး သွေးစို့ဒဏ်ရာတစ်ခုတွေ့တာကြောင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်ကို ခွဲစိတ်စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

“ အခုထိ စစ်ဆေးဆောင်ရွက်နေတုန်းပဲ။ အဖြေအတိအကျမသိရဘူး။ သေဆုံးခဲ့တဲ့သူမှာတွေ့ရှိထားတဲ့ဒဏ်ရာကြောင့် ဆေးရုံမှာ ခွဲစိတ်စစ်ဆေးဖို့တွေဆောင်ရွက်နေတယ်”လို့ ချမ်းအေးသာစံမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ 

လက်ရှိမှာ သေဆုံးခဲ့တဲ့ အမျိုးသားအလောင်းကို မန္တလေးဆေးရုံကြီးမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသားနဲ့အတူ လိုက်ပါလာခဲ့တဲ့ မိန်းကလေးတို့ဟာ ဇန်နဝါရီလ(၁၉)ရက်နေ့ မနက်အစောပိုင်းက ဟိုတယ်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဟိုတယ်အခန်းတစ်ခန်းမှာ တည်းခိုနေထိုင်နေစဉ် နာရီပိုင်းအတွင်းမှာပဲ အမျိုးသားကအမောဖောက်သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာလည်းဖော်ပြထားပါတယ်။ တွေ့ရှိထားတဲ့ ဒဏ်ရာကြောင့် ချမ်းအေးသာစံရဲစခန်းမှာ သေမှုသေခင်းရေးဖွင့်ပြီး သေဆုံးခဲ့သူအမျိုးသားရဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က