အောင်ပွဲခံဟန်အပေါ် အားမလိုအားမရဖြစ်နေခဲ့တာပါ။

မာရှယ်ဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ဟန်ပန်အတိုင်းသာ အေးအေးဆေးဆေးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။


ရှက်ဖီးယူနိုက်တက်ကို ဟက်ထရစ်သွင်းယူခဲ့ပေမယ့်လည်း မာရှယ်အနေနဲ့ အခုထက်ပိုပြီးအောင်ပွဲခံခဲ့သင့်တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ မာရှယ်ဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ဟန်ပန်အတိုင်းသာ အေးအေးဆေးဆေးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဖာဂူဆန်လက်ထက်မှာ ဗန်ပါစီက ဗီလာကို ဟက်ထရစ်သွင်းခဲ့ပြီးနောက် မာရှယ်ဟာ ၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဟက်ထရစ်ဂိုးရရှိခဲ့တဲ့ ယူနိုက်တက်ကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့အဆုံးသတ်ပိုင်းကောင်းမွန်မှုတွေကြောင့် ယူနိုက်တက်ဟာ ရှက်ဖီးကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဆိုးလ်ရှားက "သူ ဟက်ထရစ်ရရှိခဲ့တဲ့အတွက် ကျွန်တေ်ာအရမ်းပျော်ရွှင်မိပါတယ်၊ ဒါပေမယ့်လည်း သူ ကျွန်တော်တို့ပရိသတ်တွေအတွက် အခုထက်ပိုပြီးတော့ အောင်ပွဲခံခဲ့သင့်ပါတယ်၊ လူတွေက သူ့ရဲ့ တတိယဂိုးအကြောင်းကို ပြောနေပါလိမ့်မယ်၊ ဒါပေမယ့် ပထမဂိုးနှစ်ဂိုးကို ကျွန်တော်ပိုပြီးသဘောကျပါတယ်၊ ဘာလို့လဲဆိုတော့ ဧရိယာအတွငး်ထဲမှာ သူ လုပ်ပြခဲ့လို့ပါ"

"သူ ဒီလိုလုပ်နိုင်ဖို့ ကျွန်တော်တို့ အားထုတ်ခဲ့ရတာဖြစ်ပြီး ဒီပုံစံကို ဆက်ပြီးတော့ထိန်းသိမ်းထားရမှာပါ၊ စပါးနဲ့ပွဲမှာကတည်းက သူ ဂိုးရရှိခဲ့သင့်တာပါ၊ အန်သိုနီက အကောင်းဆုံးပုံစံမှာရှိနေခဲ့ပါပြီ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Express က ဖော်ပြခဲ့ပါတယ်။ မာရှယ်ကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က