ကိုယ်ဝန်သက်အလိုက်ထောက်ပံ့သွားမှာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ရှမ်းနဲ့ ဧရာဝတီက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်(၂)နှစ်အောက်ကလေးတွေကို ငွေကြေးထောက်ပံ့ရေးအစီအစဉ်တွေဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဇူလိုင် (၁)ရက်နေ့ကစပြီး စာရင်းကောက်ယူရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်ကာ ဩဂုတ်လအတွင်းမှာ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

“ စာရင်းတွေကောက်ပြီးတဲ့အခါမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေနေထိုင်တဲ့ အရပ်ကိုမူတည်ပြီး ဘဏ်နဲ့လွှဲတာရှိမယ် လူကိုယ်တိုင်သွားရောက်ထောက်ပံ့တာတွေရှိပါမယ်။ အဓိကက ငွေကြေးထောက်ပံ့ရုံတင်မဟုတ်ဘဲ ဒီငွေကြေးကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အသိပညာပေးတွေလည်းပါပါတယ်။ ငွေကြေးကို အသုံးပြုပြီး ကလေးငယ်ကျန်းမာအောင် မိခင်အနေနဲ့ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာတွေပါ။ ထောက်ပံ့ပေးမယ့်ငွေကြေးဘတ်ဂျက်ကိုတော့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ချေးငွေနဲ့ ထောက်ပံ့သွားမယ်”လို့ လူကယ်ပြန် ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိဖြိုးက Duwun ကိုပြောပါတယ်။

သုံးစွဲသွားမယ့် ဘတ်ဂျက်အနေအထားက လူစာရင်းကောက်ယူရရှိတဲ့ စာရင်းပေါ်မူတည်မှာဖြစ်ပြီး ရသင့်ရထိုက်သူ အားလုံးကိုရအောင်ထောက်ပံ့သွားမယ်လို့သိရပါတယ်။ 

ငွေကြေးထောက်ပံ့ရာမှာလည်း ကိုယ်ဝန်သက်အလိုက်ထောက်ပံ့သွားမှာဖြစ်ပြီး စာရင်းကောက်ပြီးမှ ငွေကြေးကို သတ်မှတ်နိုင်မယ်လို့ဆိုပါတယ်။

ခန့်မှန်းအရ ရှမ်းနဲ ဧရာဝတီမှာ ထောက်ပံ့ရမယ့်လူဦးရေက ၁၄၀,၀၀၀ ခန့်စီရှိနိုင်တယ်လို့ ဒေါ်အိအိဖြိုးကပြောပါတယ်။

လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များအတွက်ထောက်ပံ့ရေးအစီအစဉ်ကို နှစ်စဉ်တိုင်းနဲ့ပြည်နယ်အလိုက်လုပ်ဆောင်ရာမှာ ဒါကတတိယနှစ်မြောက်ဆောင်ရွက်တာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈မှာ ချင်းနဲ့ ရခိုင်ပြည်နယ်မှာဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ ကရင်နဲ့ ကယားမှာဆောင်ရွက်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကျန်းမာတဲ့ကလေးငယ်များအဖြစ်မွေးဖွားလာစေဖို့နဲ့ အရွယ်ရောက်ပြီးပုညှက်တဲ့ကလေးငယ်ဦးရေလျော့နည်းစေရန် အခုလိုအစီအစဉ်ကိုဆောင်ရွက်တာဖြစ်တယ်လို့လည်းသိရပါတယ်။






Share

Loading Next Article...
က္က