ဆုံဆို့နာရောဂါကြောင့် သေဆုံးသူအရေအတွက်က ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်နဲ့တူညီနေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မှာ ဆုံဆို့နာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ခြောက်ဦးအထိရှိနေပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆက်၊ မိုင်းဖြတ်၊ မိုင်းတုံအစရှိတဲ့ ရှမ်းအရှေ့ပိုင်းက မြို့နယ်တွေမှာ ဆုံဆို့နာရောဂါက ကပ်ရောဂါအသွင်ဖြစ်ပွားနေတာဖြစ်ပြီး သြဂုတ်လ(၁၄)ရက်နေ့အထိ လူနာစုစုပေါင်း ၄၅ဦးတွေ့ရှိထားတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အတည်ပြုပါတယ်။


ဆုံဆို့နာရောဂါလက္ခဏာတွေက လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းအကျိတ်များရောင်ရမ်းခြင်း၊ အာခေါင်တွင်ဖြူပြာရောင်(သို့) မီးခိုးရောင်ရှိသောအမြှေးပါးပေါ်ပေါက်လာခြင်း၊ ယင်းအမြှေးပါးကြောင့်အစာမမျိုနိုင်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတွေကြောင့် အသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားရာဒေသတွေမှာ ကာကွယ်ဆေးထိုးခြင်းအပါအဝင် အခြားထိန်းသိမ်းမှုနဲ့ ကုသမှုတွေကို ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ ဆုံဆို့နာရောဂါကြောင့် သေဆုံးသူအရေအတွက်က ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်နဲ့တူညီနေတဲ့အတွက် သတိထားစောင့်ကြည့်ရန်နဲ့ ဆုံဆို့နာအဆိပ်ဖြေဆေးပြတ်လပ်မှု မရှိအောင်ဆောင်ရွက်ရန်လည်း ဝန်ကြီးက လမ်းညွှန်ခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာက ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က