၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အစီအစဥ် ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဈာပနအခမ်အနား အစီစဥ်ကို အခမဲ့ ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဆိုပါဝန်ဆောင်မှုက သက်ရှိထင်ရှားရှိနေသူတွေအတွက်ပဲ ဖြစ်ပါတယ်။

(Photo: Reuters)

ဆိုးလ်မြို့ရှိ Hyowon Healing Center က အစမ်းသေကြည့်ခြင်းအစီအစဥ် ဝန်ဆောင်မှုကို ၂၀၁၂ ခုနှစ်ကတည်း စတင်ခဲ့တာဖြစ်ပြီး သေဆုံးခြင်းသဘောကို နားလည်ပြီး လက်ရှိ ရှင်သန်နေခွင့်ရတဲ့ ဘဝကို ပိုမိုတန်ဖိုးထား နေထိုင်တတ်စေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ Hyowon ဈာပနအခမ်းအနား ဝန်ဆောင်မှုကုမ္ပဏီရဲ့ အစမ်းသေကြည့်တဲ့ အစီအစဥ်မှာ ယနေ့အချိန်အထိ လူ ၂၅,၀၀၀ ကျော် ပါဝင်ခဲ့ကြပြီးဖြစ်ကြောင် သိရပါတယ်။



"သေတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ သိလိုက်ရပြီး ဒါကို တွေ့ကြုံလိုက်ရတဲ့အခါ ဘဝကို ပိုမိုတန်ဖိုးထား နေထိုင်တတ်လာပါလိမ့်မယ်" လို့ လတ်တလော အစမ်းသေကြည့်တဲ့ အစီအစဥ်မှာ ပါဝင်ခဲ့သူ အသက် ၇၅ နှစ်အရွယ် ချိုဂျေဟီးက ဖွင့်ဟခဲ့ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိုအစီအစဥ်မှာ ဆယ်ကျော်သက်အရွယ်မှ အငြိမ်းစားအရွယ်များအထိ ပါဝင်ခဲ့ကြပါတယ်။

(Photo: Reuters)

၎င်းတို့က ပြင်ဆင်ထားတဲ့ အခေါင်းထဲကို မဝင်ရောက်မီ ကွယ်လွန်သူတွေကို ဝတ်ဆင်ပေးတဲ့အတိုင်း ဝတ်ဆင်ကြကာ ဈာပနအခမ်းအနားမှာသုံးရန် ဓာတ်ပုံရိုက်ခြင်း၊ သေတမ်းစာရေးခြင်းတို့ လုပ်ဆောင်ပြီးနောက် အဖုံးပိတ်ထားတဲ့ အခေါင်းထဲမှာ ၁၀ မိနစ်ကြာမျှ လဲလျောင်းနေကြရတာ ဖြစ်ပါတယ်။

"ကျွန်တော် အခေါင်းထဲရောက်ချိန်မှာ တခြားသူတွေကို ပြိုင်ဘက်တွေလို့ပဲ ထင်မြင်ခဲ့မိတဲ့အပေါ် အသိတရားရသွားတယ်ဗျ၊ ကျွန်တော် ကျောင်းပြီးရင် အပြိုင်အဆိုင်များလွန်းတဲ့ လခစားအလုပ်အကိုင်ထက် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စီစဉ်ထားတယ်" လို့ အသက် ၂၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ချွိုင်ဂျင်ကျူးက ၎င်းရဲ့အတွေ့အကြုံ ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

(Photo: Reuters)

"အသက်ငယ်သေးပေမဲ့လည်း သေခြင်းအတွက် လေ့လာဖို့နဲ့ ပြင်ဆင်ဖို့က အရေးကြီပါတယ်" လို့ Asan Medical Center ရဲ့ ရောဂါဗေဒဌာနမှ ပါမောက္ခ ယူအွန်ဆေးလ်က ပြောပါတယ်။ ပါမောက္ခယူက သေခြင်းအကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၆ ခုနှစ် စာရင်းတွေအရ တောင်ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ လူ ၁၀၀,၀၀၀ လျှင် ၂၀.၂ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းထက် နှစ်ဆနီးပါးရှိကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝှမ်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ ၂၀၁၆ ခုနှစ်က လူ ၁၀၀,၀၀၀ လျှင် ၁၀.၅၃ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဆိုပါတယ်။ BMP Open ဆေးပညာဂျာနယ်က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တောင်ကိုရီးယားမှာ ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူ ၂၅၀,၀၀၀ နီးပါးရှိခဲ့ပြီး ထိုအရေအတွက်ဟာ သေဆုံးမှုအားလုံးရဲ့ ၄.၂ ရာခိုင်နှိုးဖြစ်ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က