ကိုရီးယားမှာ ပြုလုပ်တဲ့ Asia Model Award ဆုပေးပွဲမှာ ဆုရခဲ့တဲ့ ဟန်တီအတွက် အဆိုတော် Lဆိုင်းဇီတစ်ယောက် ဂုဏ်ယူလို့နေတာပါ။ အရမ်းတော်လွန်းတဲ့ ဟန်တီကို ကြည့်ပြီး ချီးကျူးလို့ နေပါတယ်။
အဆိုတော် L ဆိုင်းဇီဟာ ဇွန်လ(၉) ရက်နေ့က ကိုရီးယားမှာ ပြုလုပ်တဲ့ Asia Model Award 2019 ဆုပေးပွဲမှာ Model Star Award ဆုရရှိခဲ့တဲ့ ဟန်တီအတွက် ဂုဏ်ယူလို့နေပါတယ်။ စင်မြင့်ပေါ်မှာ ကိုရီးယားစကာနဲ့ ကျေးဇူးတင်ကြောင်း ပြောသွားခဲ့တာကို ကြည့်ပြီး ချီးကျူးစကား ဆိုထားပါသေးတယ်။
“အိုး..ချစ်စရာလေး ညီမလေး ဟန်သီ..တော်လိုက်တာ။ မြန်မာ့ဂုဏ်ကိုဆောင်သွားတာပါပဲ..” ဆိုပြီး ဇွန်လ(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ တွေ့ရပါတယ်။
Photo : ဟန်တီ
ဟန်တီတစ်ယောက် ဆုယူရင်း ကိုရီယားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောပြနိုင်ခဲ့လို့လည်း လာရောက်အားပေးကြတဲ့ ကိုရီးယားလူမျိုး ပရိသတ်တွေက အံ့သြမဆုံးဖြစ်ခဲ့ကြ တာကိုလည်း တွေ့ရပါတယ်။ ဟန်တီ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို Miss Supranational Internet ဆုကိုလည်း ရရှိထားပါတယ်။
Photo : ဟန်တီ
တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက် တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။