သာသနာ့ဘောင်ထဲဝင်ရောက်ဖို့ ကြိုတင်ပြင်ဆင်နေတာ တွေ့ရပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်က သာသနာ့ဘောင်ထဲ ဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေတာတွေကို အခုလို ပြောပြလာပါတယ်။ 

photo: amazing grace



ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ သားဖြစ်သူ မင်းသန့်မောင်မောင်ကို သင်္ကန်း ဝတ်ပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ မင်းသန့်မောင်မောင်ကိုယ်တိုင်ကလည်း ယောဆရာတော်ကြီးထံမှ ရဟန်းတစ်ပါးနဲ့ သင့်လျော်တဲ့ စည်းကမ်းတွေကို လေ့လာဆည်းပူးနေတာဖြစ်ပြီး ဆရာတော်ကြီးရဲ့ ခွင့်ပြုမိန့်ရမှသာ သာသနာ့ဘောင်ထဲဝင်သွားမှာဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က Duwunကို ပြောပြလာပါတယ်။ 

“ မင်းသန့်က ကိုရင်ဝတ်တုန်းက ယောဆရာတော်ကြီးဆီမှာ (၇) ရက်သွားနေရတယ်။ သင်္ကန်းတောင်းတွေ ကျက်ရတယ်၊ မနက်စောစော ဆွမ်းခံကြွရင် လိုက်ရတယ်။ အခု ဆရာတော်ကြီးကို သွားလျှောက်တော့ Covid ကာလမှာကျတော့ သတ်မှတ်ထားတဲ့ ရက်ကျမှသာ ရဟန်းစည်းပေးမယ်။ အခု သင်တန်းတက်ရမယ်ဆိုတော့ (၁၄) ရက် သင်တန်းတက်နေတယ်။ ရဟန်းတစ်ပါးအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ အားလုံးကို စည်းကမ်းတကျရှိဖို့ရယ်အတွက် ဆရာတော်ကြီးရဲ့ အဆုံးအမ နဲ့ဆောင်ရွက်နေတယ်။ ဝတ်ဖို့ရက်ကတော့ နည်းနည်းလိုပါသေးတယ်” လို့ မေသန်းနု သာသနာ့ဘောင်ထဲ ဝင်တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

photo: min thant mg mg

မင်းသန့်မောင်မောင်ကိုတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူကိုယ်တိုင်လည်း ဖခင်နဲ့အတူ တွဲဖက်ဒါရိုက်တာ တစ်ယောက်အဖြစ် “ထာဝရအမေ” ၊ “ တိမ်တွေပေါ်က ပန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ မင်းသန့်မောင်မောင်ကို ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ 

photo: min thant mg mg

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး " မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က