ပါးလ်မားက ဟက်ထရစ်ရသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကတော့ နှစ်ဖက် အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပါတယ်။​ ဒီပွဲမှာတော့ အိမ်ရှင် ချဲလ်ဆီးက အံ့အားသင့်ဖွယ် Comeback နဲ့အတူ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို ဂယ်လာဂါ၊ ကိုးလ်ပါးလ်မားတို့က ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။ မိနစ် (၂၀) မပြည့်ခင်မှာတင် သွင်းယူခဲ့တဲ့ ဒီသွင်းဂိုးနှစ်ဂိုးကို ယူနိုက်တက်က ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က (၅) မိနစ်အတွင်း နှစ်ဂိုး သွင်းပြီး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ဂါနာချိုက ယူနိုက်တက်အတွက် ၂-၃ ဂိုးနဲ့ ဦးဆောင်စေနိုင်မယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရလဒ်နဲ့ပဲ ပွဲပြီးတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို နှောင်းပိုင်းမိနစ်တွေမှာ ယူနိုက်တက်တို့ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ကိုးလ်ပါးလ်မားက အမှားအယွင်းမရှိကန်သွင်းကာ ၃-၃ ဂိုး ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ချက်ချင်းဆိုသလို တစ်မိနစ်အကြာမှာပဲ ကိုးလ်ပါးလ်မားက ချဲလ်ဆီးအတွက် အနိုင်ဂိုးလည်းဖြစ်၊ သူ့အတွက် ဟက်ထရစ်လည်းဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူကာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရှာတွေ့သွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ပိုမိုဝေးကွာသွားခဲ့ပါပြီ။

ပိုချက်တီနိုအတွက်ကတော့ ဒီပွဲရလဒ်က သူ့အတွက် ဖိအားအချို့ကို လျှော့ချပေးနိုင်ခဲ့ပြီး ပွဲကျန်တွေကိုသာ အနိုင်ရရှိမယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်အထိ မျှော်လင့်လာနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ တစ်ဂိုးစီသရေကျပြီးနောက် အခုလိုမျိုးပဲ ချဲလ်ဆီးကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။  

Share

Loading Next Article...
က္က