Honor တံဆိပ်နဲ့လာတဲ့ ဖုန်းတွေဟာ တန်ဖိုးသင့် မော်ဒယ်တွေအဖြစ် ထုတ်ထားတာ ဖြစ်ပေမယ့် သုံးထားတဲ့ spces တွေအရ ဘက်ဂျက်ဆိုတာထက် ပိုပါတယ်။
Photo: gizchina
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထွက်ခဲ့တဲ့ Honor C series ထဲက Honor 8C မှာလည်း ဒီသဘောကို တွေ့ရပါတယ်။ လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့ ပြည်တွင်းဈေးကွက်ထဲ မိတ်ဆက်သွားမယ့် Honor 8C ဟာ အကြီးစား ဘက်ထရီနဲ့mid-range processor သစ်ကို သုံးလာတဲ့ ဖုန်းတစ်လုံးပါ။
19:9 aspect ratio ကြောင့် သေးသွယ် ရှည်လျားတဲ့ ဖုန်းဒီဇိုင်းဟာ မှန်ပြင်ပြည့်ဒီဇိုင်းဖြစ်ပြီး notch ပါတဲ့ ၆.၂၆ လက်မ display ကို သုံးသွားပါတယ်။ notch သုံးပြီး ဘောင်တွေ ပါးလိုက်တာကြောင့် ဖုန်း screen နေရာယူမှုဟာ ၈၆.၆% ထိ ရှိလာပါတယ်။ ကျောဘက်မှာ dual camera နှစ်လုံးနဲ့အတူ fingerprint scanner သုံးထားပါတယ်။
performance ပိုင်းအရ mid-range လို့ပြောရမယ့် Snapdragon 632 processor သစ်ကို သုံးလာပါတယ်။ ဒီ chipset ကတော့ ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဖြန့်ချိခဲ့တာ ဖြစ်ပြီး Snapdragon 625 ၊ 626 နဲ့Snapdragon 630 စတဲ့ mid-range တန်းဝင် processor တွေရဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။
ဘက်ထရီကလည်း Honor 8C ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး 5V/2A (10W) charging စနစ်ပါဝင်တဲ့ 4000 mAh သုံးထားတာ ဖြစ်လို့အားသွင်းရမြန်ပြီး ဖုန်းတစ်လုံးရဲ့ ဘက်ထရီသုံးစွဲနိုင်မှုပမာဏကို အကြာဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်မှာပါ။ Honor ကတော့ ဒီဖုန်းကို တစ်ရက်အားသွင်းတာနဲ့နှစ်ရက်အသုံးခံမယ်လို့ကြေငြာထားတာတွေ့ရပါတယ်
ပြည်တွင်းဈေးကွက်မှာ RAM 3GB+32GB storage နဲ့RAM 4GB+64GB storage နဲ့ဝင်ရောက်ဖို့ရှိပါတယ်။ ကင်မရာပိုင်းမှာ Face Unlock သုံးနိုင်မယ့် 8MP ဆယ်လ်ဖီကင်မရာ ၊ ကျောဘက် 13MP+2MP dual cameras တွေ ကနေ ကောင်းမွန်တဲ့ ကင်မရာရိုက်ချက်တွေ ပံ့ပိုးပေးနိုင်မယ့် ဖုန်းတစ်လုံးပါ။ ဈေးနှုန်းအကြောင်း အတိအကျ မသိရသေးပေမယ့် နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိထားတဲ့ အနေအထားအရ မြန်မာငွေ ၂၉၉၉၉၉ ကျပ် ရှိမယ်လို့ခန့်မှန်းရပါတယ်။
Honor Myanmar ဟာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ Honor 8C မိတ်ဆက်ပွဲအခမ်းအနားတစ်ခုကို တိုက်ရိုက် Live ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပြီး ဒီ Live ကနေ Honor 8C ရဲ့ ဈေးနှုန်းကို အတိအကျ ခန့်မှန်းနိုင်သူကိုလည်း Honor 8C သစ်တစ်လုံး လက်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။